စစ်ကိုင်းတိုင်း လွှတ်တော် ရေးရာကော်မတီတွေ ဖွဲ့စည်း

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့က စတင်ကျင်းပစဉ်။ Photo: Nay Thiha Facebook
ဒီနေ့ ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒုတိယနေ့ အစည်းအဝေးမှာ လွှတ်တော်ရေးရာကော်မတီ ၃ ခုကို ဖွဲ့စည်းခဲ့ပြီး လွှတ်တော်အစည်းအဝေးတွေကို တစ်လကျော်ကြာ ရပ်နားထားမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ဒုတိယနေ့မှာ ကော်မတီ ၃ခု ဖွဲ့စည်းတာနဲ့ လွှတ်တော်ရပ်နားမယ့် ကိစ္စကို ရွှေဘိုမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူ က အခုလိုပြောပါတယ်။

"ဒီနေ့ လွှတ်တော်မှာ အမြဲတမ်းကော်မတီပေါ့ အရေးပါတဲ့ကော်မတီ သုံးရပ်ပေါ့၊ တိုင်းရင်းသား လူမျိုးရေးရာကော် မတီတစ်ခု၊ ဥပဒေကြမ်းကော်မတီတစ်ခု၊ လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီတစ်ခု ဖွဲ့တယ်၊ ကော် မတီတစ်ခုမှာ ၉ ယောက်ဖွဲ့ထားတယ်၊ ဒီနေ့ အဲ့ဒီကော်မတီ ဘယ်သူတွေဆိုတဲ့ နာမည်တွေကို အဆိုပြုတာပေါ့၊ မနက်ဖြန်ကျရင် အဲ့ကော်မတီဝင်တွေကို လွှတ်တော်ကနေ အတည်ပြုပြီးဆိုရင် ကျနော်တို့နားမှာပေါ့၊ ရက်အတိ အကျ ပြန်သတ်မှတ်ဖို့အတွက်က မသေချာဘူးခင်ဗျ၊ ပြည်ထောင်စုအဆင့်က သမ္မတရွေးချယ်ပြီးပြီဆိုမှ အဲ့သမ္မတ ကနေ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ခန့်တဲ့အခါကျတော့ အဲ့တော့မှ ကျနော်တို့က လွှတ်တော်ကနေ အတည်ပြုပေးရတယ်၊ အဲ့ဘက်ကဟာတွေပြီးမှ ဒီဘက်က ဆက်လုပ်လို့ရမယ်"

စစ်ကိုင်းတိုင်းလွှတ်တော်မှာ ကိုယ်စားလှယ် ၁၀၁ ဦးရှိပြီး အန်အယ်လ်ဒီပါတီက ၇၀ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၄ ဦး၊ ရှမ်းတိုင်းရင်းသားနဲ့ ချင်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ၂ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ဦး ပါဝင်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ဥပဒေကြမ်းကော်မတီ၊ တိုင်းရင်းသား လူမျိုးရေးရာကော်မတီ ၊ တောင်သူလယ်သမားရေးရာ ကော်မတီစတဲ့ လွှတ်တော်ရေးရာကော်မတီ ၉ ခုကို ဖွဲ့စည်းရမှာဖြစ်ပြီး တချို့ တိုင်း/ပြည်နယ်တွေမှာ ဖွဲ့စည်းပြီးဖြစ်ပေမယ့် တစ်ချို့တိုင်း/ပြည်နယ်လွှတ်တော်တွေမှာ စတင်ဖွဲ့စည်းနေပြီ ဖြစ် ပါတယ်။

ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ တနသာင်္ရီ၊ မကွေး၊ ရန်ကုန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုမှာတော့ လွှတ်တော်ရေးရာကော်မတီတွေ စတင်မဖွဲ့စည်းရသေးဘူးလို့ သိရပါတယ်။ တချို့ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် အစည်းအဝေးတွေကို ဒီလကုန်လောက်မှာ ပြန်လည်ခေါ်ယူထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
စစ်ကိုင်းတိုင်း လွှတ်တော် ရေးရာကော်မတီတွေ ဖွဲ့စည်း  စစ်ကိုင်းတိုင်း လွှတ်တော် ရေးရာကော်မတီတွေ ဖွဲ့စည်း Reviewed by THITHTOOLWIN on 08:33 Rating: 5
Powered by Blogger.