မန္တလေး၊ ကန်ပတ်လမ်းတွင် ယာဉ်တစ်စီးသစ်ပင်တိုက်မိ ၁ ဦးသေဆုံး


ဖေဖေါ်ဝါရီ ၇ ။

အမရပူရမြို့နယ်၊ ဧရာဝတီမြစ် ကန်ပတ်လမ်းတွင် ဖေဖေါ်ဝါရီလ ၇-ရက်၊မွန်း တည့် ၁၂ နာရီက ယာဉ်တစ်စီး သည် အရိုန်ဖြင့် မောင်းနှင်လာစဉ် မထိန်းနိုင် ဘဲ သစ်ပင်ဝင်တိုက်မိပြီး နေရာတွင် သေဆုံးခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းမှ မန္တလေးသို့ HondarFit ခဲရောင်ယာဉ်တစ်စီးသည် ရှေ့မီးများဖွင့်ကာအရှိန်ဖြင့် မောင်းလာခြင်းဖြစ်ပြီး အရှိန် မထိန်း နိုင်ဘဲလမ်းလယ် ကျွန်းပေါ်သို့ ရောက်ရှိ၍ သစ်ပင်တိုက်မိကာ ယာဉ်မောင်း လာသူမှာ နေရာ တွင်သေဆုံးခဲ့သသည်။

“အရေးယူရမယ့်သူက ကားမောင်းတဲ့သူပဲ။သူသေသွားတော့ ရဲလုပ်ထုံးလုပ် နည်းအရ အမှုဖွင့်ရတယ်။အရေးယူခံရမယ့်သူက တော့ သေသွားပြီ ။”ဟု မန္တလေး၊အမှတ် ၁၄-ယာဉ်ထိန်းရဲ အမှုစစ်က ပြောသည်။

မဆင်မခြင်မောင်းနှင်၍ သေဆုံးခဲ့သူမှာ ပြင်ဦးလွင်မြို့နယ်၊ နောက်ခမ်းကြီးရွာမှ ကိုမျိုးမင်းထွန်း(၃၁-နှစ်) ဖြစ် ကြောင်း အမရပူရရဲစခန်းမှ သိရသည်။

Mandalay News (facebook)
မန္တလေး၊ ကန်ပတ်လမ်းတွင် ယာဉ်တစ်စီးသစ်ပင်တိုက်မိ ၁ ဦးသေဆုံး  မန္တလေး၊ ကန်ပတ်လမ်းတွင် ယာဉ်တစ်စီးသစ်ပင်တိုက်မိ ၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 22:48 Rating: 5
Powered by Blogger.