ကချင်စစ်ဘေးဒုက္ခသည်တွေကို WFP ငွေကြေးပြောင်းလဲထောက်ပံ့

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ကချင်နှစ်ခြင်းအသင်းတော် KBC ကယ်ဆယ်ရေးစခန်းမှာ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့က ရိက္ခာအစား ငွေကြေးနဲ့ ပြောင်းလဲထောက်ပံ့လှူဒါန်းနေစဉ် Photo:Kyaw Myo Min/RFA
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ဟာ  အရင်က လှူဒါန်းနေတဲ့ အခြေခံစားကုန်တွေအစား ဒုက္ခသည်တစ်ဦးစီကို ငွေကြေးနဲ့ ပြောင်းလဲထောက်ပံ့လိုက်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အနေနဲ့ မိမိတို့ကို ဆက်လက်ထောက်ပံ့ပေးဖို့ စစ်ဘေးသင့်ပြည် သူတွေက လိုလားနေကြတယ်လို့ ဝိုင်းမော်မြို့နယ် မိုင်းနား စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းရဲ့ စာနပ်ရိက္ခာစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ဇယ်နော က ပြောပါတယ်။

"အခု ကယ်ဆယ်ရေးလုပ်ငန်းတွေပေါ့နော် လုပ်နေရတဲ့နေရာတွေလည်း အများကြီးရှိတယ်တဲ့ ဒါကြောင့်မို့ လို့ သူတို့ပိုပြီးမှခက်ခဲတဲ့လူတွေကို ကူညီနိုင်ဖို့ပေါ့နော် အဲ့ဒီလိုမျိုးလည်း ဖြစ်တယ်လို့ပြောတယ်၊ ဒီမှာကတော့ အခုက လေးငါးခြောက်နှစ် ရှိလာပြီနော်၊ ဒါကြောင်မို့ ပိုပြီးမှခက်ခဲနေတဲ့လူတွေကို ပြန် ကယ်နိုင်ဖို့ပေါ့၊ မိသားစုမှာ အဖိုး၊ အဖွား၊ အဖေ၊ အမေ မရှိတဲ့ မိဖမဲ့ကလေးကိုပြုစုစောင့်ရှောက်တာတို့၊ ပိုက်ဆံရှာထွက်လို့မရတဲ့လူတွေကို တစ်ရာ ရာခိုင်နှုန်းပေးတယ်၊ ဒါပေမယ့် အိမ်ထောင်မှာ တစ်ယောက်ယောက် လုပ်အားနဲ့ ရှာကျွေးနိုင်တဲ့လူကတော့ ခုနှစ်ဆယ် ရာခိုင်နှုန်းပေါ့"

ရိက္ခာအစား ငွေကြေးအဖြစ် ပြောင်းလဲထောက်ပံ့လိုက်တဲ့ အစီအစဉ်အရ အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိတဲ့ မိသားစုတွေဟာ တစ်ဦးကို တစ်လ တစ်သောင်းသုံးထောင်ကျပ်နဲ့ တစ်ရာရာခိုင်နှုန်း ရရှိမှာဖြစ်ပြီး အလုပ်လုပ်နိုင်တဲ့ မိသားစုတွေကတော့ တစ်လ ခုနှစ်ဆယ်ရာခိုင်နှုန်းအဖြစ် ကိုးထောင်ကျပ် ရရှိမှာဖြစ်ပါတယ်။

WFPရဲ့ လှူဒါန်းမှုကို World Vision က ဖြန့်ဝေပေးနေတဲ့ အဲ့ဒီအစီအစဉ်အရ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့၊ ကလေးငယ်တွေအတွက်ကိုတော့ အာဟာရမှုန့် တစ်လကို ၃ ကီလိုဂရမ်ရရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။

WFP ရဲ့ လှူဒါန်းမှုကို World Vision က ဖြန့်ဝေပေးနေတဲ့ အဲဒီအစီအစဉ်အရ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့၊ ကလေးငယ်တွေအတွက်ကိုတော့ အာဟာရမှုန့် တစ်လကို ၃ ကီလိုဂရမ်ရရှိမှာ ဖြစ်ပါတယ်။

မနေ့က မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်အတွင်းက ကယ်ဆယ်ရေးစခန်းတစ်ချို့ကိုထောက်ပံ့ခဲ့ပြီး ဒီကနေ့မှာ ဝိုင်းမော်မြို့နယ်အတွင်း သာဂရ သရက်တော ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းနဲ့ မိုင်းနား KBC ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်စတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ထောက်ပံ့ငွေ လှူဒါန်းခဲ့ပါတယ်။

ကျန်ရှိနေသေးတဲ့ ကယ်ဆယ်ရေးစခန်းတွေကိုလည်း ဆက်လက်ထောက်ပံ့သွားမှာလို့ဆိုပါတယ်။

အစိုးရအုပ်ချုပ်ရေးနယ်မြေအတွင်း ကယ်ဆယ်ရေးစခန်းတစ်ရာနီးပါးမှာ လာရောက်ခိုလှုံနေသူ လေးသောင်းကျော်ရှိပြီး ကချင်ပြည်နယ်တစ်ခုလုံးမှာဆို ဒုက္ခသည်တစ်သိန်းဝန်းကျင်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

BBC Burmese
http://www.rfa.org/burmese
ကချင်စစ်ဘေးဒုက္ခသည်တွေကို WFP ငွေကြေးပြောင်းလဲထောက်ပံ့  ကချင်စစ်ဘေးဒုက္ခသည်တွေကို WFP ငွေကြေးပြောင်းလဲထောက်ပံ့ Reviewed by THITHTOOLWIN on 04:47 Rating: 5
Powered by Blogger.