The Revenant ဇာတ်ကား ရွှေကမ္ဘာလုံးဆုဆွတ်ခူး

 ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆု ရသွားတဲ့ Leonardo DiCaprio နဲ့ The Revenant ဇတ်ကား ဒါရိုက်တာ Alejandro Gonzalez Inarritu 
၇၃ ကြိမ်မြောက် ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆုကို အမေရိကန်ပြည်ထောင်စု Los Angeles မှာ မနေ့ညက ကျင်းပခဲ့ပါတယ်။

၁၈၂၀ ပြည့်လွန်နှစ်တွေတုန်းက နယ်မြေသစ်မှာ အခြေချနေထိုင်သူ တယောက် ၀က်ဝံတကောင် အကိုက်ခံရပြီးနောက် အသက်ရှင်အောင် ဘယ်လိုခက်ခက်ခဲ့ ရုန်းကန်းခဲ့သလဲဆိုတာကို ရိုက်ကူးထားတဲ့ The Revenant ဇတ်ကားကအကောင်းဆုံး ဇတ်လမ်းအသားပေး ဒရမ်မာကားဆုကို ရရှိသွားပါတယ်။

ဒီကားမှာ Leonardo DiCaprio က အကောင်းဆုံး သရုပ်ဆောင်ဆုရနဲ့ ဂွန်ဇာလက်ဇ်ကလည်းအကောင်းဆုံး ဒါရိုက်တာဆုရသွားတာပါ။ အကောင်းဆုံး ဇာတ်ပို့ဆုကိုတော့ Sylvester Stallone က လက်ဝှေ့အကြောင်းရိုက်ကူးထားတဲ့ Creed ဇာတ်ကား မှာ ရသွားတာပါ။

အင်္ဂါဂြိုလ်ပေါ်မှာ သေဆုံးသွားပြီလို့ယူဆထားတဲ့ အာကာသယာဉ်မှူး အသက်ရှင်နေဆဲဖြစ်တဲ့အကြောင်းရိုက်ထားတဲ့ The Martian ဇာတ်ကားက အကောင်းဆုံး ဟာသဇာတ်ကားဆုနဲ့ သရုပ်ဆောင် Matt Damon ကလည်း အကောင်းဆုံး သရုပ်ဆောင်ဆုကိုရသွားပါတယ်။

သားငယ်တယောက်နဲအတူ အကျဉ်းချခံထားတဲ့အကြောင်းရိုက်ကူးထားတဲ့ Room ဇာတ်ကားမှာတော့ Brie Larson က အကောင်းဆုံး အမျိုးသမီး ဇတ်ဆောင်ဆုရသွားသလို မိသားစု စီးပွါးရေးလုပ်ငန်း ထူထောင်သူအဖြစ် သရုပ်ဆောင်ထားတဲ့ Jennifer Lawrence ကတော့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို Joy ဇတ်ကားမှာရသွားပါတယ်။အကောင်းဆုံး အမျိုးသမီးဇတ်ပို့ဆုကိုတော့ Kate Winslet က Steve Jobbs ဇတ်ကားမှာ ရရှိသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
The Revenant ဇာတ်ကား ရွှေကမ္ဘာလုံးဆုဆွတ်ခူး The Revenant ဇာတ်ကား ရွှေကမ္ဘာလုံးဆုဆွတ်ခူး Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.