ရွေးကောက်ပွဲနိုင် လွှတ်တော် ကိုယ်စားလှယ်သစ်များ၌ ချင်းပြည်နယ်မှ Ph.D ဘွဲ့ရ ရာခိုင်နှုန်း အများဆုံးဖြစ်


ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ် အသီးသီး၏ ပညာအရည်အချင်းတွင် ချင်းပြည်နယ် အမတ်များသည် Ph.D ဘွဲ့ရ ၅ ဒသမ ၁ ရာခိုင်နှုန်းဖြစ် အများဆုံး ဦးဆောင်နေကြောင်း သိရသည်။

ချင်းပြည်နယ်တွင် လွှတ်တော် ကိုယ်စားလှယ် ၃၉ ဦးရှိသည့်အနက် Ph.D ဘွဲ့ရနှစ်ဦးရှိ၍ အလယ်တန်း တစ်ဦးပါဝင်သည်။ ဒုတိယအများဆုံးမှာ မန္တလေးတိုင်းဒေသကြီးဖြစ်၍ လွှတ်တော် ကိုယ်စားလှယ် ၉၇ ဦးတွင် Ph.D ဘွဲ့ရ သုံးဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ သုညရာခိုင်နှုန်း ဖြစ်သည်။ တတိယနေရာတွင် ရန်ကုန်တိုင်း ဒေသကြီးဖြစ်၍ လွှတ်တော် ကိုယ်စားလှယ် ၁၄၉ ဦးတွင် Ph.D ဘွဲ့ရသုံးဦးရှိသည်ပြီး ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ သုည ရာခိုင်နှုန်း ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး အဆင့်တွင် လွှတ်တော် ကိုယ်စားလှယ်များတွင် Ph.D ဘွဲ့ရကိုးဦးရှိသည်။ ချင်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များတွင် စုစုပေါင်း ၃၉ဦးတွင် BA/MA ဘွဲ့ရသည် အများဆုံးဖြစ်ပြီး ၁၀ ဦးရှိသည်။ ဒုတိယအများဆုံးမှာ LLB / RL / HGP ဘွဲ့ရ ၈ ဦး၊ တတိယအများဆုံးမှာ BEd / Med ဘွဲ့ရ ၄ ဦးရှိသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၃၀၇ ဦးရှိပြီး ဘွဲ့ရ ၂၃၁ ဦး၊ ၁၀ တန်းအောင် ၄၂ ဦးနှင့် အထက်တန်းအဆက် ၂၅ ဦး ရှိသည်။ ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ကိုယ်စားလှယ်များ ပညာအရည်အချင်းမှာ ကိုယ်စားလှယ် စုစုပေါင်း ၁၁၅၀ ဦးရှိပြီး ဘွဲ့ရ ၉၀၂ ဦး၊ အထက်တန်းအောက် ၂၄၇ ဦးရှိသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies
ရွေးကောက်ပွဲနိုင် လွှတ်တော် ကိုယ်စားလှယ်သစ်များ၌ ချင်းပြည်နယ်မှ Ph.D ဘွဲ့ရ ရာခိုင်နှုန်း အများဆုံးဖြစ်  ရွေးကောက်ပွဲနိုင် လွှတ်တော် ကိုယ်စားလှယ်သစ်များ၌ ချင်းပြည်နယ်မှ Ph.D ဘွဲ့ရ ရာခိုင်နှုန်း အများဆုံးဖြစ် Reviewed by THITHTOOLWIN on 18:17 Rating: 5
Powered by Blogger.