NLDအစိုးရသစ်တွင် ပါဝင်ကြမည့် သမ္မတလောင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၏ လျာထားအမည်စာရင်းထွက်ပြီဟုဆို


NLD အစိုးရ၏ သမ္မတလောင်းများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝန်ကြီးများ လျာထားအမည်စာရင်းများ ထွက်ပေါ်လာပြီဖြစ်ကြောင်းနှင့် ထိုအမည်စာရင်းများကို လာမည့် NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် အပြီးသတ် ဆုံးဖြတ်ဖွယ်ရှိကြောင်း NLD တာဝန်ရှိသူများ၏ ပြောဆိုချက်အရသိရသည်။

ပြီးခဲ့သည့်ဇန်န၀ါရီ၁၀ရက်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ကျင်းပခဲ့သော ဗဟို အလုပ်အမှုဆောင်အစည်းအဝေးမှ လျာထားစာရင်း ယခုလျာထားစာရင်းကို ဆွေးနွေးခဲ့သော် လည်း အတည်ပြုခဲ့ခြင်းမရှိကြောင်း သိရသည်။

အဆိုပါလျာထားစာရင်းတွင်လျာထားစာရင်းနှင့်အရန်စာရင်းဟူ၍ နှစ်မျိုးဖော်ပြထားကြောင်း NLD နှင့်နီးစပ်သူများကဆိုသည်။

သမ္မတရာထူးတွင်သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်- အရန်အဖြစ်၊ ဒေါက်တာတင်မာအောင် (NLD ဥက္ကဋ္ဌရုံးတာဝန်ခံ) ဒုတိယ သမ္မတအဖြစ် ဦးခွန်ထွန်းဦး၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်၊ အရန်အဖြစ် ဒေါက်တာမျိုးအောင်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်ကြည်ညွန့် အရန်အဖြစ် ပြည်နယ်/တိုင်းမှ ဥပဒေပညာ ရှင်တဦးဖြစ်ကြောင်း သတင်းများထွက်ပေါ် လျက်ရှိသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် လျာထားစာရင်းတွင် လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်း အရန်စာရင်းတွင်ကမာရွတ်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ပေါင်း ဦးတင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနေရာတွင် သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း အရန်စာရင်းတွင် ဆိပ်ကြီး ခနောင်တိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း ရန်ကုန်မြို့တော်ဝန်အဖြစ် ဗိုလ်တထောင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ထွန်းဝင်း အရန်အဖြစ် NLD ရန်ကုန်တိုင်း အလုပ်အမှုဆောင် အဖွဲ့ဝင်ထံမှ တဦးကို လျာထားကြောင်း သိရသည်။

အစိုးရအဖွဲ့သစ်တွင် ၀န်ကြီးဌာနများကို (၂၆)ခုနှင့် (၂၇)ကြား ဖွဲ့စည်းမည်ဖြစ်ပြီး အဆိုပါ ၀န်ကြီးများစာရင်းတွင် NLD ပါတီမှ ရှစ်ဦးသာပါဝင်ကြောင်း ကျန်ပုဂ္ဂိုလ် ၁၈ ဦးသည် ပြင်ပမှ ပုဂ္ဂိုလ်များ ပညာရှင်များပါဝင်ကြောင်း သိရသည်။

ဝန်ကြီးများစာရင်းတွင် လက်ရှိဦးသိန်းစိန် အစိုးရပွဲတွင် ပါဝင်တာဝန်ယူလျက်ရှိသည့် ၀န်ကြီးနှစ်ဦး၊ သုံးဦး ပါဝင်ဖွဲ့စည်းရန် လျာထား သည်ဟု ဆိုသည်။

အစိုးရအဖွဲ့သစ် လျာထားစာရင်းတွင် ပါဝင်သော ပုဂ္ဂိုလ်များအား NLD လွှတ်တော်ကိုယ်စားလှယ် လေ့လာစောင့်ကြည့်ရေးအဖွဲ့က နောက်ကြောင်းများ၊ မဲဆန္ဒရှင်ပြည်သူနှင့် အဖွဲ့ဝင်များ၏ မကျေနပ်ချက်များ တိုင်ကြားချက်များရှိမရှိ စုံစမ်းနေပြီး ပြစ်ချက်ရှိပါက ထိုလျာထားစာရင်းမှ ဖယ်ရှားပြီး အရန်စာရင်းတွင် ပါဝင်သော ပုဂ္ဂိုလ်များဖြင့် အစားထိုး သွားမည်ဟုလည်း သိရသည်။

ပြီးခဲ့သည့်ဇန်န၀ါရီ၁၀ရက်က နေပြည်တော်တွင် ပြုလုပ်သည့်CEC ဆွေးနွေးပွဲတွင် အစိုးရအဖွဲ့ ဖွဲ့စည်းရေး၊ ၀န်ကြီးဌာနလျှော့ချဖွဲ့စည်းရေးနှင့်ပါတီ၏ သတင်း/ ပြန်ကြား ရေးကော်မတီအဖွဲ့အသစ်ဖွဲ့စည်းရန်နှင့် ပြန်ကြားရေးဝန်ကြီး တာဝန်ယူမည့် ပုဂ္ဂိုလ်များကိစ္စကိုလည်း ဆွေးနွေးခဲ့ကြောင်း လာမည့် ဇန်န၀ါရီ ၂၄ ရက်တွင် ဒုတိယအကြိမ် CEC အစည်းအဝေးမှ လျာထားစာရင်းများကိုအပြီးသတ်ရွေးချယ်ဆုံးဖြတ်မည်ဖြစ်ပြီး သတင်း ထုတ်ပြန်သွားမည်ဟုNLDCECဦးထွန်းထွန်းဟိန်က ပြီးခဲ့သည့်အပတ်က ပြောဆိုထား သည်။

ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
NLDအစိုးရသစ်တွင် ပါဝင်ကြမည့် သမ္မတလောင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၏ လျာထားအမည်စာရင်းထွက်ပြီဟုဆို NLDအစိုးရသစ်တွင် ပါဝင်ကြမည့် သမ္မတလောင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၏ လျာထားအမည်စာရင်းထွက်ပြီဟုဆို Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.