အီရတ်နိုင်ငံက Mosul ဆည် ပြိုကျနိုင်လို့ ကန်သတိပေး

Tigris မြစ်ပေါ်မှာ တည်ရှိတဲ့ Mosul ဆည်ကို တွေ့ရစဉ် (Credit: AFP) 
အီရတ်နိုင်ငံ ​မြောက်ပိုင်းမှာ ​ရှိတဲ့ ​Mosul ​ဆည်ဟာ ​ပြိုကျနိုင်တဲ့ ​အနေအထား ​ရှိနေတာကြောင့် ​တခုခုဖြစ်လာရင် ​ဘယ်လို ​တုန့်ပြန်ရမလဲ ​ဆိုတာကို ​စဉ်းစားနေတယ်လို့ ​အီရတ်နိုင်ငံမှာ ​တာဝန်ထမ်းဆောင်နေတဲ့ ​အမေရိကန် ​စစ်ဗိုလ်တစ်ဦးက ​ပြောပါတယ်။

Mosul ​ဆည်ဟာ ​Tigris ​မြစ်ပေါ်မှာ ​တည်ရှိပြီး ​မြစ်တလျှောက်မှာ ​သိန်းနဲ့ချီတဲ့ ​လူတွေ ​နေထိုင်တာကြောင့် ​ဆည်ကြီးပြိုကြရင် ​လူအများအပြား ​ဒုက္ခရောက်မယ့် ​အနေအထား ​ရှိနေပါတယ်။

ဆည်ပြိုကျနိုင်တယ်ဆိုတာကို ​အီရတ်အာဏာပိုင်တွေကလည်း ​သိရှိထားပြီး ​မပြိုကျအောင် ​အထောက်အပံ့တွေ ​လုပ်ထားနေရတယ်လို့ ​အမေရိကန် ​စစ်အရာရှိ ​Sean ​MacFarland ​က ​ပြောပါတယ်။

အမေရိကန်နိုင်ငံက ​ဆည်မှာ ​အဲလို ​စိုးရိမ်ရမယ့် ​အခြေအနေ ​ရောက်နေမယ်ဆိုရင်တော့ ​ဆည်အပေါ်ပိုင်းက ​ကန်ရေတွေကို ​ထုတ်ပြီး ​ဆည်ကို ​ဖယ်ရှားတာတွေ၊ ​ပြုပြင်တာတွေ ​လုပ်မယ်လို့ ​ဆိုပါတယ်။

Mosul ​မြို့ကို ​IS ​အစ္စလာမ်မစ် ​တပ်ဖွဲ့က ​၂၀၁၄ ​ခုနှစ်ကတည်းက ​သိမ်းပိုက်ထားတာ ​ဖြစ်ပြီး ​အဲဒီဆည်ကို ​အကြမ်းဖက်သမားတွေကသာ ​ဖောက်ခွဲလိုက်ရင် ​မြစ်အောက်ပိုင်းက ​လူတွေ ​သိန်းနဲ့ချီ ​သေဆုံးရမယ့်ကိန်း ​ရှိနေပါတယ်။

ဒါပေမဲ့ ​အဲဒီ ​ဆည်ကို ​Kurdish ​Peshmerga ​စစ်တပ်က ​အီရတ်စစ်သားရဲ့ ​အကူအညီနဲ့ ​IS ​လက်ထဲကနေ ​ပြန်သိမ်းပိုက်ထားပြီ ​ဖြစ်ပါတယ်။

အဲဒီဆည်ကို ​၁၉၈၀ ​ပြည့်နှစ်ကတည်းက ​တည်ဆောက်ပေမယ့် ​စဆောက်ကတည်းက ​အရည်အသွေးညံ့တယ်လို့ ​သိရပြီး ​အီတလီနိုင်ငံက ​ကုမ္ပဏီက ​အဲဒီဆည်ကို ​ပြုပြင်မှုတွေ ​လုပ်ဖို့ ​ရှိနေတယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အီရတ်နိုင်ငံက Mosul ဆည် ပြိုကျနိုင်လို့ ကန်သတိပေး  အီရတ်နိုင်ငံက Mosul ဆည် ပြိုကျနိုင်လို့ ကန်သတိပေး Reviewed by THITHTOOLWIN on 10:10 Rating: 5
Powered by Blogger.