Jihadi John သေပြီလို့ IS အတည်ပြု

Jihadi John ဟာ သတင်းသမားတွေကို လည်လှီးသတ်ဖြတ်တဲ့ ဗီဒီယို တင်ပြီးတဲ့နောက်ပိုင်း ကမ္ဘာက အလိုရှိဆုံး အကြမ်းဖက် သမားတစ်ဦး ဖြစ်လာပါတယ်။ (Credit: Reuters)
ဗြိတိန်နိုင်ငံသား ​ဂျီဟတ်ဒစ် ​သမား ​Jihadi ​John ​ဟာ ​နိုဝင်ဘာလတုန်းက ​သေဆုံးသွားပြီလို့ ​IS ​အစ္စလာမ်မစ် ​အဖွဲ့က ​အတည်ပြုလိုက်ပါတယ်။

IS ​တွေ ​ကြီးစိုးထားတဲ့ ​Raqqa ​မြို့မှာ ​သွားလာနေတုန်း ​မောင်းသူမဲ့ ​လေယာဉ်ဒရုန်းနဲ့ ​တိုက်ခိုက်ခံရပြီး ​သေဆုံးသွားတာလို့ ​ဆိုပါတယ်။

အမေရိကန် ​အစိုးရကလည်း ​Jihadi ​John ​သေဆုံးပြီ ​ဆိုတာ ​အတော့်ကို ​သေခြာတယ်လို့ ​နိုဝင်ဘာလက ​ပြောဆိုခဲ့ပေမယ့် ​အခုအခါမှသာ ​IS ​အဖွဲ့ရဲ့ ​Dabig ​မဂ္ဂဇင်းမှာ ​ဖော်ပြတဲ့အတွက် ​အတည်ပြုနိုင်တာ ​ဖြစ်ပါတယ်။

Jihadi ​John ​ရဲ့ ​နာမည်ရင်းဟာ ​Mohammed ​Emwazi ​ဖြစ်ပြီး ​အမေရိကန်နိုင်ငံက ​သတင်းထောက် ​James ​Foley ​နဲ့ ​Steven ​Sotloff ​တို့ကို ​လည်လှီးသတ်ဖြတ်ပြီးတဲ့နောက် ​အနောက်တိုင်း ​အစိုးရက ​အလိုရှိနေတာ ​ဖြစ်ပါတယ်။

သတင်းထောက်တွေကို ​လည်လှီးသတ်ဖြတ်တဲ့ ​ဗီဒီယိုကိုလည်း ​အင်တာနက်ပေါ် ​ဖြန့်ချီခဲ့ပါတယ်။

ဒါ့အပြင် ​ဗြိတိန် ​ကူညီကယ်ဆယ်ရေး ​အမှုထမ်းတွေ၊ ​အမေရိကန် ​နိုင်ငံက ​ကူညီကယ်ဆယ်ရေး ​အမှုထမ်း ​တစ်ယောက်နဲ့ ​ဂျပန် ​သတင်းထောက်သမားတွေအပြင် ​တခြား ​လူတွေကိုလည်း ​သတ်ဖြတ်ခဲ့တဲ့အတွက် ​Jihadi ​John ​ဟာ ​IS ​အဖွဲ့ရဲ့ ​မျက်နှာစာ ​ဖြစ်လာပြီး ​IS ​ရဲ့ ​ရက်စက်မှုကို ​ပိုပြီး ​မျက်ဝါးထင်ထင် ​သိလာကြတာ ​ဖြစ်ပါတယ်။

IS ​အဖွဲ့ရဲ့ ​မဂ္ဂဇင်းမှာတော့ ​အသက် ​၂၄ ​နှစ်အရွယ် ​Jihadi ​John ​ဟာ ​တိုက်ခိုက်ခံရပြီးမှာပဲ ​ချက်ခြင်း ​သေဆုံးသွားပြီး ​သူဟာ ​အာလ်လာ ​အရှင်မြတ်ရဲ့ ​သူရဲကောင်း ​ဖြစ်သွားပြီလို့ ​ဖော်ပြထားပါတယ်။

Mohammed ​Emwazi ​ဟာ ​လန်ဒန်အခြေစိုက် ​ကွန်ပြူတာ ​ပရိုဂမ်မာ ​တစ်ဦးဖြစ်ပြီး ​ကူဝိတ်မှာ ​မွေးဖွားသူ ​ဖြစ်ပါတယ်။

သူမိဘတွေကတော့ ​အီရတ်နိုင်ငံက ​ဖြစ်ပြီး ​အသက် ​၆ ​နှစ်အရွယ်မှာ ​လန်ဒန်မြို့ကို ​ရောက်ရှိလာတာပါ။

လူလတ်တန်းစားတွေ ​အနေများတဲ့ ​North ​Kensington ​ရပ်ကွက်မှာ ​နေထိုင်ခဲ့ပြီး ​အဲဒီ ​ရပ်ကွက်မှာ ​အစွန်းရောက်သမားတွေ ​စုပေါင်း ​နေထိုင်ကြတာကို ​ဗြိတိန် ​အစိုးရက ​သိရှိသွားတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Jihadi John သေပြီလို့ IS အတည်ပြု Jihadi John သေပြီလို့ IS အတည်ပြု Reviewed by THITHTOOLWIN on 15:35 Rating: 5
Powered by Blogger.