ISIS အဖွဲ့ဝင်များ၏ လစာထက်ဝက် လျှော့ချမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်


ဘေရွတ် ၊ ၂၁-၁-၂၀၁၆

ဆီးရီးယားနိုင်ငံနှင့် အီရတ်နိုင်ငံ တို့ရှိ ISIS စစ်သွေးကြွ အဖွဲ့ဝင်များ၏ လစာငွေကို လျှော့ချသွားရန် စီစဉ်ထားကြောင်း အစ္စလာမ္မစ်နိုင်ငံ အကြမ်းဖက်အုပ်စု (ISIS) က ယမန်နေ့တွင် သတင်းထုတ်ပြန် ခဲ့သည်။

ISIS စစ်သွေးကြွ အုပ်စု လက်ရှိရင်ဆိုင် နေရသော ချွင်းချက် ပြဿနာ များကြောင့် ဆီရီးယားနှင့် အီရတ်နိုင်ငံ တို့ရှိ ISIS စစ်သွေးကြွ မူဂျာဟေဒင် စစ်သည်များ၏ လစာကို ထက်ဝက် လျှော့ချရန် ဆုံးဖြတ်ထားကြောင်း ISIS စစ်သွေးကြွ အုပ်စုက အာရေဗျ ဘာသာဖြင့် ထုတ်ပြန်ထားသော ကြေညာချက် တွင် ဖော်ပြခဲ့သည်။

အလားတူ လစာ လျှော့ချရေး အစီအစဉ်တွင် ရာထူးကြီးသူ၊ ငယ်သူအားလုံး အကျုံးဝင်မည် ဖြစ်ပြီး စားနပ်ရိက္ခာကို မူလအတိုင်း တစ်လနှစ်ကြိမ် ထုတ်ပေး သွားမည်ဟူ၍ ISIS စစ်သွေးကြွ အုပ်စုက ကြေညာ ခဲ့သည်။

လစာငွေ လျှော့ချရေး အစီအစဉ်အရ ယခင်က တစ်လလျှင် အမေရိကန် ဒေါ်လာ ၄ဝဝ လစာအဖြစ် ရရှိထားသော ဆီးရီးယားနှင့် အီရတ်ရှိ ISIS စစ်သွေးကြွ အုပ်စုဝင်များသည် ယခုအခါ အမေရိကန် ဒေါ်လာ ၂ဝဝ သာ ရရှိတော့မည် ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ဒေးလီး တယ်လီဂရပ် သတင်းစာက ဖော်ပြခဲ့သည်။

ဆီးရီးယား စစ်သွေးကြွ များထက် လစာနှစ်ဆ ပိုရသည့် ပြည်ပ တိုက်ခိုက်ရေး သမားများသည် ISIS စစ်သွေးကြွ အုပ်စု၏ လစာလျှော့ချရေး အစီအစဉ်အရ အမေရိကန် ဒေါ်လာ ၄ဝဝ သာ ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။

ကာလီဖိတ် လှုပ်ရှားမှု၏ အဓိကဝင်ငွေ အရင်းအမြစ် ဖြစ်သည့် ရေနံလုပ်ငန်းနှင့် အခြေခံ အဆောက်အအုံ များကို အဓိကထား၍ ရုရှားနှင့် အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံများက လေကြောင်း ထိုးစစ်ဆင်နွှဲ လာမှုကြောင့် ဘဏ္ဍာရေး ပြဿနာနှင့် ရင်ဆိုင် နေရသည့် ISIS စစ်သွေးကြွ  အုပ်စု အနေဖြင့် အဖွဲ့ဝင်များ လစာကို ထက်ဝက် လျှော့ချခြင်း ဖြစ်နိုင်ကြောင်း သတင်းများ၌ ဖော်ပြ ထားသည်ဟု သိရသည်။

PyiChitThar
http://www.pyichitthar.com
ISIS အဖွဲ့ဝင်များ၏ လစာထက်ဝက် လျှော့ချမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်  ISIS အဖွဲ့ဝင်များ၏ လစာထက်ဝက် လျှော့ချမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 08:28 Rating: 5
Powered by Blogger.