ISIS စစ်သွေးကြွ အဖွဲ့က လူငါးဦးကို မြေတူးစက်ကြီးဖြင့် ထိုးသတ်

၂ဝ၁၄ ခုနှစ် ဇွန်လနှောင်းပိုင်း ကဆီးရီးယားနိုင်ငံ ဟွမ်စ်ပြည်နယ်၌ ဒေသခံတစ်ဦးကို တင့်ကားဖြင့် နင်းကြိတ် သတ်ဖြတ်ခဲ့စဉ်
ဘဂ္ဂဒက် ၊ ၁၂-၁-၂၀၁၆

ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် အီရတ်နိုင်ငံ မြောက်ပိုင်း နိနဝေပြည်နယ်၌ ဒေသခံငါးဦးကို ကြီးမားသော မြေတူးစက်ဖြင့် ထိုးကော်၍ သတ်ဖြတ် ခဲ့ကြောင်း ဇန်နဝါရီ ၁ဝ ရက် ထုတ်ပြန်ချက် အရ သိရသည်။

ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့ဝင်များသည် အဆိုပါ ထိတ်လန့်ဖွယ် ကောင်းသော ကွပ်မျက်မှုကို မိုဆူးလ်မြို့ အလယ်ပိုင်း အယ်လ်ဖိုင်ဆာ လီယတ်အ် ဒေသ၌ ဇန်နဝါရီ ၁ဝ ရက်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက ထုတ်ပြန်ထားသည်။

ထို့နောက် သတ်ဖြတ်ခံရသည့် ရုပ်အလောင်း များကို ISIS အစ္စလာမ္မစ် စစ်သွေးကြွ များ ထိန်းချုပ်ထားသော မိုဆူးလ်မြို့ အနောက်ဘက်ရှိ တွင်းနက်တစ်ခု အတွင်း၌ ပစ်ချထားခဲ့ကြောင်း အာရဘီ ဘာသာဖြင့် ထုတ်လွှင့်သော အယ်လ် ဆမ်မာရီးယား ဂြိုဟ်တုရုပ်သံ သတင်းဌာနက ဖော်ပြသည်။

ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့သည် အဆိုပါဒေသခံ ငါးဦးကို ဘဂ္ဂဒက်မြို့တော် အလယ်ပိုင်းရှိ အစိုးရနှင့်ပူးပေါင်း၍ ၄င်းတို့၏ဝါဒကို ဆန့်ကျင်သည်ဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့က လူများကို ကြီးမားသည့် စက်များဖြင့် ထိုးကော်နင်းကြိတ် သတ်ဖြတ်မှုမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း နှင့် ၂ဝ၁၄ ခုနှစ် ဇွန်လနှောင်းပိုင်း ကလည်း ဆီးရီးယားနိုင်ငံ ဟွမ်စ်ပြည်နယ်၌ ဒေသခံတစ်ဦးကို တင့်ကားဖြင့် နင်းကြိတ် သတ်ဖြတ် ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ISIS စစ်သွေးကြွ အဖွဲ့က လူငါးဦးကို မြေတူးစက်ကြီးဖြင့် ထိုးသတ်  ISIS စစ်သွေးကြွ အဖွဲ့က လူငါးဦးကို မြေတူးစက်ကြီးဖြင့် ထိုးသတ် Reviewed by THITHTOOLWIN on 12:50 Rating: 5
Powered by Blogger.