Downtown ၆ မြို့နယ်မှ လမ်းဘေးဈေးသည်များအား ညနေ ၃ နာရီနောက်ပိုင်းမှ ဆိုင်ထွက်ရန် ရန်ကုန်စည်ပင် လိုက်လံသတိပေး


ရန်ကုန်မြို့တွင်း Downtown ၆ မြို့နယ်ရှိ လမ်းဘေးပျံကျဈေးသည်များအား မနက်ဖြန် ဇန်န၀ါရီ ၁၄ ရက်နေ့ စတင်ကာ ညနေ ၃ နာရီကျော်မှသာ ရောင်းချရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဇန်န၀ါရီ ၁၃ ရက် နေ့လယ်ပိုင်းက လိုက်လံ သတိပေးနေကြောင်း သိရသည်။


“ညနေ ၃ နာရီလောက်မှာ ရောင်းချရမဲ့ကိစ္စကို ၃ နာရီမတိုင်ခင် ရောင်းနေကြတယ်။ အခုဆိုရင် အဓိက ကားတွေပိတ်တဲ့ ပန်းဆိုးတန်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်းတို့မှာဆိုရင် ယာဉ်ထိန်းကလည်း ကားတွေကို ဖမ်းတယ်။စည်ပင်ကလည်း ညနေ ၃ နာရီကျော် ဆိုင်တွေ ဖမ်းနေတာပါပဲ။အခုလိုက်ပြောနေတယ်ဆိုတာကလည်း ဈေးဆိုင်တွေ မေ့နေမှာစိုးလို့ လိုက်ပြီး သတိပေးတာပေါ့။ အရင်ကတည်းကလည်း သတ်မှတ်ချိန်မတိုင်ခင် ရောင်းချတဲ့ ဈေးဆိုင်တွေကို ဖမ်းဆီးခဲ့တာပါပဲ”ဟု YCDC ၊ စီမံရေရာဌာနမှ တာဝန်ရှိသူတဦးကပြောသည်။


ယင်းကဲ့သို့ လမ်းဘေးဈေးသည်များအား အချိန်သတ်မှတ်ကာ စနစ်တကျရောင်းချရန် ၂၀၁၁ ခုနှစ်ကတည်းက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Downtown ၆ မြို့နယ်မှ လမ်းဘေးဈေးသည်များအား ညနေ ၃ နာရီနောက်ပိုင်းမှ ဆိုင်ထွက်ရန် ရန်ကုန်စည်ပင် လိုက်လံသတိပေး Downtown ၆ မြို့နယ်မှ လမ်းဘေးဈေးသည်များအား ညနေ ၃ နာရီနောက်ပိုင်းမှ ဆိုင်ထွက်ရန် ရန်ကုန်စည်ပင် လိုက်လံသတိပေး Reviewed by THITHTOOLWIN on 18:59 Rating: 5
Powered by Blogger.