ကရင်စစ်ပြေးဒုက္ခသည်ပြန်ပို့ရန် ထိုင်းနဲ့DKBA ညှိနှိုင်း


ထိုင်းမြန်မာနယ်စပ် ကရင်စစ်ပြေးဒုက္ခသည်များအား ပြန်လည်နေရာချထားရန် မြန်မာဘက်ခြမ်းသို့ပြန်ပို့ဖို့ တတ်ခရိုင်ထိုင်းအစိုးရနဲ့ DKBAမှဗိုလ်မှုးချုပ်စောလှဖွယ် (ခ)ဗိုလ်နှုတ်ခမ်းမွေးတို့ဦးဆောင်ပြီး ဆွေးနွေးညှိနှိုင်းမှုတရပ်ကို မနေ့ ဇန်န၀ါရီလ ၂၈ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

 တတ်ခရိုင် အွန့် ပြန်း(อุ้มเปี้ยม) စစ်ပြေးဒုက္ခသည်စခန်းကော်မတီနှင့် စစ်ပြေးဒုက္ခသည် ကူညီပံ့ပိုးနေသော လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ပါတယ်။

 ကရင်စစ်ပြေးဒုက္ခသည်များအတွက် နေရာထိုင်ခင်းနှင့် စားဝတ်နေရေး အဆင်ပြေစေရန်စသည့်အကြောင်း အဓိကထားဆွေးနွေးခဲ့ကြပါတယ်။

 ဗိုလ်မှူးချုပ်နှုတ်ခမ်းမွှေးမှ အကယ်၍ထိုင်းနယ်စပ်တွင်းမှာရှိတဲ့ စစ်ပြေးဒုက္ခသည်များအား မြန်မာပြည်အတွင်းသို့ ပြန်ဝင်လာချင်တယ်ဆိုပါက သူတို့အတွက်မြ၀တီမြို့ အနီးတွင် မြို့ သစ်တစ်ခု တည်ထောင်ပေးသွားမှာဖြစ်ပြီး အိမ်ထောင်စုတစ်စုစီအတွက် စိုက်ပျိုးလုပ်ကိုင်ရန်မြေယာ ၃ ဧကစီချပေးသွားမှာဖြစ်ပါတယ်လို့ဆိုပါတယ်။

ယခုလို မြန်မာနယ်စပ်အတွင်းတွင်လည်း ပစ်ခတ်မှုရပ်စဲသွားပြီဖြစ်တဲ့အတွက် စစ်မြေပြင်မှ စီးပွားရေးမြေပြင်သို့ ပြောင်းလဲလာပြီဖြစ်ပြီး ဒုက္ခသည်မိဘပြည်သူများမှ မိမိတို့ ကျွမ်းကျင်သော အသက်မွေးဝမ်းကြောင်းနှင့်လုပ်ကိုင်စားသောက်နိုင်ရန် တာဝန်ယူဆောင်ရွက် ပေးမည်ဟုပြောကြားထားပါတယ်။

MTF Channel
https://www.facebook.com/mtftv
ကရင်စစ်ပြေးဒုက္ခသည်ပြန်ပို့ရန် ထိုင်းနဲ့DKBA ညှိနှိုင်း  ကရင်စစ်ပြေးဒုက္ခသည်ပြန်ပို့ရန် ထိုင်းနဲ့DKBA ညှိနှိုင်း Reviewed by THITHTOOLWIN on 17:19 Rating: 5
Powered by Blogger.