အမျိုးသမီးလေးဦးအား လိင်အကြမ်းဖက်ခဲ့သည့် ရဲအရာရှိဟောင်း တစ်ဦးကို တရားရုံးက ထောင်ဒဏ် ၂၆၃ နှစ်ချမှတ်

ထောင်ဒဏ် ၂၆၃ နှစ် ချမှတ်ခြင်းခံရသည့် ရဲအရာရှိဟောင်း Daniel Holtzclaw

တာဝန်ထမ်းဆောင်စဉ် အခါက
ဝါရှင်တန် ၊ ၂၃-၁-၂၀၁၆

အမေရိကန် ပြည်ထောင်စု အိုကလာဟိုးမား မြို့တော်၌ ရဲအရာရှိဟောင်း တစ်ဦးကို တာဝန်ထမ်းဆောင် ခဲ့စဉ် အမျိုးသမီးလေးဦး အား အဓမ္မပြုကျင့် ခဲ့မှုနှင့် အခြား အမျိုးသမီး များအား လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက် ရောက် ကျူးလွန်မှုတို့ဖြင့် တရားရုံးက ဇန်နဝါရီ ၂၂ ရက်တွင် ထောင်ဒဏ် ၂၆၃ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဒန်နီရယ်ဟိုလ် ဇက်လော ကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် တရားရုံးက စစ်ဆေးမေးမြန်း ခဲ့ပြီး လိင် အကြမ်းဖက်ခံရသူ အမျိုးသမီးများ၏ ထွက်ဆိုချက်အရ ၄င်းသည် လိင် အကြမ်းဖက်မှု ၃၆ မှုအနက် ၁၈ မှုတွင် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိ ခဲ့သည်။

ဟိုလ်ဇက်လော သည် အိုကလာဟိုးမား မြို့တော်၏ ဆင်ခြေဖုံးဒေသ များ၌ ကင်းလှည့်နေစဉ် အာဖရိက-အမေရိကန် နွယ်ဖွား အမျိုးသမီးများကို အဓိက ပစ်မှတ်ထား၍ လိင်အကြမ်းဖက် ခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်
ရာတွင် အမျိုးသမီး များအား ဖမ်းဆီးမည် ဟု ခြိမ်းခြောက်၍ အကြမ်းဖက်ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရရှေ့နေ များက ပြောကြားသည်။

PyiChitThar
http://www.pyichitthar.com
အမျိုးသမီးလေးဦးအား လိင်အကြမ်းဖက်ခဲ့သည့် ရဲအရာရှိဟောင်း တစ်ဦးကို တရားရုံးက ထောင်ဒဏ် ၂၆၃ နှစ်ချမှတ်  အမျိုးသမီးလေးဦးအား လိင်အကြမ်းဖက်ခဲ့သည့် ရဲအရာရှိဟောင်း တစ်ဦးကို တရားရုံးက ထောင်ဒဏ် ၂၆၃ နှစ်ချမှတ် Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.