အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် ဝေလငါး ၄၅ ကောင် သောင်တင်သေဆုံး


နယူးဒေလီ ၊ ၁၃-၁-၂ဝ၁၆

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာဒူး ပြည်နယ်ရှိ ကမ်းခြေတစ်ခုတွင် ဝေလငါး ၄၅ ကောင် သောင် တင် သေဆုံးလျက် ရှိကြောင်း တာဝန်ရှိသူ များက ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန် ကြေညာ ထားသည်။

''အမြီးသေး ဝေလငါး အကောင် ၁ဝဝ ကျော်က တူတီကိုရင် ကမ်းခြေကို ရောက်ရှိ လာခြင်းဖြစ်ပြီး ၄၅ ကောင်ကတော့ သောင်ပြင်မှာပဲ သေဆုံးခဲ့ပါတယ်။ ကျန်တဲ့ ဝေလငါး တွေကိုတော့ ကယ်ဆယ်ပြီး ပင်လယ်ထဲ ပြန်လွှတ်ပေး ခဲ့ပါတယ်'' ဟု အစိုးရ အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဝေလငါးများ အနက် အများစုသည် ကျောက်ဆောင် ကျောက်တန်းများနှင့် ထိခိုက်မိမှုကြောင့် ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်း သေဆုံးမှုသည် မကြာသေးမီ နှစ်များ အတွင်း ဝေလငါး အကောင်ရေ အများဆုံး သောင်တင် သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းဝေလငါး များသည် ပစိဖိတ်ဒေသအတွင်း ရာသီဥတု ပူပြင်းမှုကြောင့် နေရာပြောင်းရွှေ့ ရာမှ မျက်စိလည် လမ်းပျောက်ကာ အဆိုပါ ကမ်းခြေသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း တိရ စ္ဆာန် ကျွမ်းကျင် ပညာရှင်များက ပြောကြား ထားသည်။

PyiChitThar
http://www.pyichitthar.com
အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် ဝေလငါး ၄၅ ကောင် သောင်တင်သေဆုံး  အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် ဝေလငါး ၄၅ ကောင် သောင်တင်သေဆုံး Reviewed by THITHTOOLWIN on 13:23 Rating: 5
Powered by Blogger.