ထာဝရငြိမ်းချမ်းရေးရအောင် ထမ်းဆောင်ဖို့ အဆင်သင့်ရှိကြောင်းပြော


 ပြည်သူပြည်သား၊ တိုင်းရင်းသားများက ပေးထားတဲ့ လုပ်ပိုင်ခွင့်အပေါ် အခြေခံပြီး ထာဝရငြိမ်းချမ်းရေးရယူရမယ့် တာဝန်ကိုထမ်းဆောင်ဖို့အဆင်သင့်ရှိကြောင်းနဲ့ အားလုံးက ပူးပေါင်းပါဝဝင် ကူညီကြမယ်လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

နေပြည်တော် မြန်မာကွန်ဗန်းရှင်းစင်တာ (၂) မှာ ဒီကနေ့စတင်ကျင်းပတဲ့ "ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ" ဖွင့်ပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) ဟာ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် ပထမအစခြေလှမ်းသာဖြစ်ကြောင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဖို့မလွဲမသွေကြိုးပမ်းအားထုတ်သွားရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား စိတ်ဝမ်းမကွဲကြဖို့ အရေးကြီးကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ မူတူးစေးဖိုးတို့လည်း အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြပါတယ်။

ဖွင့်ပွဲအခမ်းအနားကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ၊ ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ၊ နိုင်ငံတကာ NGOs တွေ အစိုးရကိုယ်စားလှယ်တွေ စုစုပေါင်း ၈၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
ထာဝရငြိမ်းချမ်းရေးရအောင် ထမ်းဆောင်ဖို့ အဆင်သင့်ရှိကြောင်းပြော  ထာဝရငြိမ်းချမ်းရေးရအောင် ထမ်းဆောင်ဖို့ အဆင်သင့်ရှိကြောင်းပြော Reviewed by THITHTOOLWIN on 14:06 Rating: 5
Powered by Blogger.