ယာဉ်တစ်စီးအရှိန်မထိန်းနိုင်၍ တိမ်းမှောက်


ကွတ်ခိုင် ဇန်နဝါရီ ၁ဝ

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် မန်ပြိန်း ရွာအနီး၌ ဇန်နဝါရီ ၈ ရက် ည ၁ဝ နာရီခွဲခန့်က ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက် သွားခဲ့စဉ် ခရီးသွားပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ဒုရဲအုပ်စိုးဝင်း နှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့ရာ မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် မန်ပြိန်း ရွာအနီး တောင်ဘက်အနက်ပေ ၃ဝ ခန့်ရှိ ချောက်ထဲသို့ ယာဉ်တစ်စီး ထိုးကျနေကြောင်း သိရသည်။

အဆိုပါယာဉ်သည် မူဆယ်ဘက် မှ မန္တလေးဘက်သို့ ကုန်ပစ္စည်းများ တင်ဆောင်ကာ မောင်းနှင်လာသည့် ယာဉ်အမှတ်5F/---နီဆန်း (၁၂)ဘီး ယာဉ်ဖြစ်ပြီး ယာဉ်မောင်း ကျော်ဆွေ (ခ) မောင်ငယ်(၄၄နှစ်)မှာ စီယာတိုင်နှင့် ထိုင်ခုံနှစ်ခုကြား ညပ်၍ သေဆုံးခဲ့သည်။ အမှုအား ကွတ်ခိုင် မြို့မရဲစခန်းက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇင်(မူဆယ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ယာဉ်တစ်စီးအရှိန်မထိန်းနိုင်၍ တိမ်းမှောက်  ယာဉ်တစ်စီးအရှိန်မထိန်းနိုင်၍ တိမ်းမှောက် Reviewed by THITHTOOLWIN on 15:03 Rating: 5
Powered by Blogger.