"ဒီမိုကရေစီပညာရေးကျောင်းသားသပိတ် နှစ်ပတ်လည်နေ့တွင် မန္တလေး၌ ဆန္ဒထုတ်ဖေါ်”


မန္တလေးမြို့တွင် ဗကသ(အထက်ဗမာပြည်)ကျောင်းသားများက ဒီမိုကရေစီ ပညာရေး ကျောင်းသားသပိတ် နှစ်ပတ်လည်ဖြစ်သည့် ယနေ့ ဇန်န၀ါရီ ၂၀-ရက်နေ့ နံနက် ၁၀ နာရီက ပညာရေးတောင်းဆိုချက် (၁၁) ချက်နှင့် ဖမ်းဆီးခံကျောင်းသား/လယ်သမား/အလုပ်သမားများကို လွှတ်ပေးရန် ဆန္ဒထုတ်ဖေါ်ကြသည်။

၎င်းတို့သည် ဈေးချိုနာရီစင်အနီးတွင် ဆန္ဒထုတ်ဖေါ်ခြင်းနှင့် ဗကသ(အထက်ဗမာပြည်) သဘောထားကြေငြာချက်များကို ဟောပြောခဲ့ကြပြီး ကြွေးကြော်သံများနှင့်အတူ အင်အား ၅၀ ကျော်ဖြင့် လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

“ကျောင်းသားတွေ မမှားဘူးဆိုတာ ပြည်သူတွေကသိတယ်။မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်နေတာကို ဒီအစိုးရကလက်နက်ဆိုလို့ အပ်တိုတစ်ချောင်းမပါတဲ့ ကျောင်းသားတွေကို အင်အားသုံး ဖြေရှင်းခဲ့တာတွေကို လုံးဝကန့်ကွက်တယ်”ဟု ယာယီကော်မတီ ဥက္ကဌ ကိုဥာဏ်လင်းအောင်က ပြောသည်။

ယနေ့သည် မန္တလေးမှ ရန်ကုန်သို့ ကျောင်းသားများစုစည်း၍ ပညာရေးဥပဒေအတွက် သပိတ်မှောက် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည့် ကျောင်းသားများအား အစိုးရဘက်က အကြမ်းဖက် နှိမ်နင်းခဲ့သည့် တစ်နှစ်ပြည့်မြောက်သောနေ့ဖြစ်ကြောင်း၊ တောင်းဆိုချက်များအနက် ကျောင်း သားသမဂ္ဂလွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ ဖမ်းဆည်းခံ ကျောင်းသားများ လယ်သမား/အလုပ်သမားများ/နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊တို့ အဓိကပါဝင်ကြောင်း သိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
"ဒီမိုကရေစီပညာရေးကျောင်းသားသပိတ် နှစ်ပတ်လည်နေ့တွင် မန္တလေး၌ ဆန္ဒထုတ်ဖေါ်”  "ဒီမိုကရေစီပညာရေးကျောင်းသားသပိတ် နှစ်ပတ်လည်နေ့တွင် မန္တလေး၌ ဆန္ဒထုတ်ဖေါ်” Reviewed by THITHTOOLWIN on 15:09 Rating: 5
Powered by Blogger.