မြန်မာအင်တာနက် ပိုမြန်အောင် လုပ်ဆောင်ကြမယ်

(Credit: ABC) 
မြန်မာနိုင်ငံမှာ ​အင်တာနက် ​ဝန်ဆောင်မှု ​ပိုမြန်လာဖို့အတွက် ​စင်္ကာပူ ​အခြေစိုက် ​Campana ​ဆိုတဲ့ ​ဆက်သွယ်ရေး ​ကုမ္ပဏီက ​Alcatel-Lucent ​ကုမ္ပဏီနဲ့ ​စာချုပ် ​ချုပ်ဆိုလိုက်ပါတယ်။

Alcatel-Lucent ​ဆိုတဲ့ ​ကုမ္ပဏီဟာ ​ပင်လယ်အောက်မှာ ​အင်တာနက်ကြိုးတွေကို ​သွယ်တန်းပေးတဲ့ ​နာမည်ကြီး ​ကုမ္ပဏီ ​ဖြစ်ပါတယ်။

မြန်မာကို ​သွယ်တန်းပေးမယ့် ​ရေအောက် ​အင်တာနက်ကြိုးကို ​Myanmar-Malaysia-Thailand-International ​Connection ​ဒါမှမဟုတ် ​MYTHIC ​လို့ ​အတိုကောက် ​ခေါ်ဝေါ်ထားပါတယ်။

အဲဒီ ​အင်တာနက်ကြိုးက ​မြန်မာနိုင်ငံ ​အင်တာနက်ကို ​တစ်စက္ကန့်အတွင်း ​Gigabits ​၃၀၀ ​ပိုမြန်ဆန်စေမှာ ​ဖြစ်ပါတယ်။

အခုလောလောဆယ် ​မြန်မာရဲ့ ​အင်တာနက် ​မြန်နှုန်းက ​တစ်စက္ကန့်မှာ ​၁၀၀ ​gigabits ​ပဲ ​ရှိပြီး ​အဲဒီကြို ​သွယ်တန်းပြီးရင်တော့ ​သုံးဆ ​မြန်လာ ​မယ်လို့ ​ဆိုပါတယ်။

၁၅ ​လ ​လောက် ​အချိန်ယူ ​သွယ်တန်းရမှာ ​ဖြစ်ပြီး ​၂၀၁၇ ​ခုနှစ် ​ဧပြီလလောက်မှ ​စတင် ​အသုံးပြုနိုင်လိမ့်မယ်လို့ ​ခန့်မှန်းနေကြပါတယ်။

အခုလောလောဆယ် ​ရှိနေတဲ့ ​အင်တာနက်လိုင်းကို ​MPT ​က ​ချုပ်ကိုင်ထားပြီး ​အပြိုင်အဆိုင်မရှိတာကြောင့် ​အင်တာနက် ​bandwidth ​ဈေးဟာ ​စင်္ကာပူနိုင်ငံထက် ​၁၀ ​ဆ ​ဈေးများပြီး ​ထိုင်းနိုင်ငံထက် ​၂ ​ဆ ​ပိုများနေတာ ​ဖြစ်တယ်လို့ ​Frontier ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာအင်တာနက် ပိုမြန်အောင် လုပ်ဆောင်ကြမယ်  မြန်မာအင်တာနက် ပိုမြန်အောင် လုပ်ဆောင်ကြမယ် Reviewed by THITHTOOLWIN on 18:21 Rating: 5
Powered by Blogger.