အီကွေဒေါ နိုင်ငံတွင်မြေသားအတွင်းမှ အက်ကွဲကြောင်းကြီးများဖြစ်ပေါ်လာ


Breaking news on 30-1-2016

အီကွေဒေါ နိုင်ငံ ချင်ဘိုရာဇို ပြည်နယ် ကိုလံဘီ ကျေးရွာမှာ ရုတ်တရက် မြေကြီးအောက်က အက်ကွဲကြောင်းတွေဖြစ်လာပြီး ချော်ရည်ပူတွေနဲ့  မီးခိုးတွေ ထွက်လာခဲ့လို့  အဆိုပါကျေးရွာကို တားမြစ်နယ်မြေ သတ်မှတ်ပြီး အရေးပေါ် ပိတ်ထားခဲ့ပါတယ်။

စစ်တပ်နဲ့ ဘူမိဗေဒသဘာဝ ပါတ်ဝန်းကျင် ပညာရှင်တွေ သွားရောက် စစ်ဆေးနေပါပြီ၊ မီးတောင်ရှိတဲ့နေရာ နဲ့  ၄၅ ကီလိုဝေးတဲ့ နေရာမှာ ခုလို အက်ကွဲကြောင်း ကြီး ဖြစ် လာ ခဲ့တာပါ၊


ယခုလို့  မဖြစ်ခင် ၁၅ ရက်ခန့် ကတဲက မြေကြီးတွေ အရောင်ပြောင်းလာပြီး သစ်ပင်တွေ သေဆုံးခဲ့ပါတယ် ၊ညပိုင်းမှာ မြေကြီးအောက်ကနေ အက်ကွဲ ရာမှာ ထွက်ပေါ်လာတဲ့ အသံတွေ ကြားခဲ့ရကြောင်ေးေ ဒသခံရွာ သားတွေက သတင်းထောက်တွေကို ပြောဆိုခဲ့ကြောင်း အီကွေဒါ နေ့ စဉ်သတင်း မှာ ဖေါ်ပြထားပါတယ်။

ဗြိတိနိုင်ငံ အကျယ် အ၀န်း ထက် အနည်း ငယ် ကြီး ပြီး လူဦးရေ ၁၄. ၅ သန်း ကျော် နေ ထိုင် သည့်အီကွေ ဒေါ နိုင်ငံ ဟာ တောင်အမေရိက တိုက် ကဆင်း ရဲ သော နိုင်ငံ များ တွင်ပါဝင်ပြီး နေ ထိုင် ကြ တဲ့လူဦးရေ ထက် ၀က် ကျော် ဟာ ဆင်းရဲမှုအောက်မှာဘဲ ရှိနေပါသေးတယ်။


အမာဇုန်သစ်တောတွေမှာထိုင်နေကြတဲ့ လူမျိုးစုတွေ ရွှေပြောင်းနေထိုင်ရာက နိုင်ငံဖြစ်လာတဲ့ အီကွေဒေါ မှာ လှပတဲ့ တော တောင် ရေ မြေ ရာ သီ ဥတု ရှိ ပြီး ချားလ်(စ) ဒါ ၀င် ၏ ကျော် ကြား လှတဲ့ ဆင့် ကဲ ပြောင်းလဲ မှု ဖြစ်စဉ် ( Theory of Evolution) နဲ့ မျိုး စိတ် တို့  ၏ မူလ အစ (Origin of Species) တို့  ကို ရေးသား ဘို့  အီကွေဒေါ က ဂါလာ ပါဂို ကျွန်းမှာ နေ ထိုင် နေစဉ် စိတ် ကူး ရလာ ခြင်း ဖြစ်သည်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
အီကွေဒေါ နိုင်ငံတွင်မြေသားအတွင်းမှ အက်ကွဲကြောင်းကြီးများဖြစ်ပေါ်လာ  အီကွေဒေါ နိုင်ငံတွင်မြေသားအတွင်းမှ အက်ကွဲကြောင်းကြီးများဖြစ်ပေါ်လာ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.