ကျီးရာပြင်နှင့် စေတီတောင်ရွာသို့ စစ်ပြေးရှောင်၁၀၀ ကျော် လာရောက် ခိုလုံ


နိရဉ္စရာ၊ ဇန်န၀ါရီ ၅

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ အကြားမှ ထွက်ပြေးလာသူ စစ်ပြေးရှောင် ၁၀၀ ကျော်သည် ယနေ့တွင် ရမ်းချောင်းအတွင်း တည်ရှိသော ကျီးရာပြင်နှင့် စေတီတောင် ရွာသို့ ရောက်ရှိလာကြသည်ဟု သိရသည်။

ကျီးရာပြင်ဆရာတော် အရှင် တေဇာလင်္ကာရမှ ယခုအခါ ကျီးရာပြင် ကျောင်းတွင် စစ်ပြေးရှောင်သူ ၇၀ ကျော် ရောက်ရှိလာကြောင်း အတည်ပြု ပြောကြားသည်။

“ အခု ထွက်ပြေးလာတဲ့သူ အရေအတွက်က ၇၀ပါ။ အဓိက သံတံတားရွာက ဟုတ်ပါတယ်။ နောက်ရွာတွေက မပါဘူး။ တစ်ရွာတည်းကပါ။ အခု ဆရာတော်တို့ရဲ့ ကျောင်းတိုက်အတွင်းက ဓမ္မာရုံမှာ နေရာချထားပေးထားပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

စေတီတောင်တွင်လည်း ဗာရီရွာမှ စစ်ပြေးရှောင် ဒုက္ခသည် ၆၅ ဦး ရောက်ရှိနေသည်ဟု သိရှိရကြောင်း ဆရာတော်က မိန့် ကြားသည်။

သူတို့အတွက် စားဝတ်နေရေးကို ရွာသားများနှင့် အနီးအနားမှ အလှူရှင်များ၏ ထောက်ပံ့ ကူညီမှုဖြင့် ဖြေရှင်း ပေးနေကြရပြီး နောက်ရက်ကြာလာပါက စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နိုင်သဖြင့် ဆန်၊ဆီ၊ ဆားစသည့် ရိက္ခာများ အကူအညီများ လိုအပ်နေကြောင်း ဆရာတော်က မိန့်ကြားသည်။

၎င်းပြင် ဆောင်းရာသီဖြစ်၍ အလွန်ချမ်းအေးသဖြင့် ကြမ်းခင်းဖျာများ၊ စောင်များနှင့် ကလေးငယ်များအတွက် အနွေးထည် အကျီင်္များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

ယနေ့တွင် ရွာပေါင်း ၄၀ ကျော်မှ ရွာသားများဖြင့် ဖွဲ့စည်းထားသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကွန်ယက်မှ အဖွဲ့ဝင် ၂၀ ကျော်သည် တိမ်ညိုကျေးရွာမှ တဆင့် ဆန်အိတ်၊ စားသောက်ဖွယ်ရာများဟုစုစုပေါင်း တန်ဖိုး သုံးသိန်းကျော်ဖိုးခန့်ကို သွားရောက်လှူဒါန်း မည်ဟု ဗူးရွက်မညိုးဆရာတော် ဦးအဂ္ဂသာရမှ နိရဉ္စရာသို့ မိန့်ကြားသည်။

ကူညီလှူဒါန်းလိုသူများသည် ကျီးရာပြင် ဆရာတော် ဦးတေဇာလင်္ကာရ (ဖုန်း-၀၉၂၅၀၉၉၉၂၉၅)နှင့် ဗူးရွက်မညိုးဆရာတော် ဦးအဂ္ဂသာရ (ဖုန်း- ၀၉၂၅၂၆၆၅၄၉၆) သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

Arakan State
https://www.facebook.com/NarinjaraNews
ကျီးရာပြင်နှင့် စေတီတောင်ရွာသို့ စစ်ပြေးရှောင်၁၀၀ ကျော် လာရောက် ခိုလုံ  ကျီးရာပြင်နှင့် စေတီတောင်ရွာသို့ စစ်ပြေးရှောင်၁၀၀ ကျော် လာရောက် ခိုလုံ Reviewed by THITHTOOLWIN on 17:43 Rating: 5
Powered by Blogger.