အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ဧည့်သည်လိုက်ပို့ရာမှ အမျိုးသမီး တဦး ပျောက်ဆုံးနေ


 ပျောက်ဆုံးနေသူအား တွေ့ရှိပါက သတင်းပေးကူညီနိုင်ပါရန်ဖော်ပြခြင်း

ရန်ကုန်၊ ဇန်န၀ါရီ ၂၂

သင်္ဃန်းကျွန်းမြို့နယ်နေ ကိုလွင်ဖြိုးမှ ၎င်း၏အစ်မဖြစ်သူ မဇင်နှင်းလွင်၊ (၂၈)နှစ်သည် ၁၇.၁.၂၀၁၆ ရက်နေ့ ၁၈၀၀ အချိန်ခန့်တွင် နေအိမ်မှ အောင်မင်္ဂလာ အဝေးပြေးဝင်းသို့ ဧည့်သည်လိုက်ပို့ရာမှ ပြန်မလာပျောက်ဆုံးနေသဖြင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းသို့ လူပျောက်ရေးဖွင့် တိုင်တန်းလာခဲ့ပါသည်။

ထိုသို့ တိုင်တန်းချက်အရ သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ လူပျောက်အမှတ်စဉ် (၃/၂၀၁၆)ဖြင့် ရေးဖွင့်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ ရဲစခန်းများသို့ ပျောက်ဆုံး သူ၏ မှတ်တမ်းဓာတ်ပုံများပေးပို့ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

ယင်းသို့ ပျောက်ဆုံးနေသူမှာ ဓာတ်ပုံတွင်ဖော်ပြထားသူဖြစ်ကြောင်း သိရှိရပြီး ၎င်းပျောက်ဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှစုံစမ်းရှာဖွေလျက် ရှိရာတွင် အမြန်ဆုံးတွေ့ရှိနိုင်ရေးအတွက် ပြည်သူများမှ လည်း ၎င်းနှင့်
ပတ်သက်သည့် သတင်းတစ်စုံတစ်ရာရရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ သတင်းပေးဆက်သွယ်ကူညီနိုင်ပါရန် ဖော်ပြအပ်ပါသည် -

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၃၀၀၇၄၇
အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး- ၀၁ ၈၆၁၀၆၈၂
သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၅၆၂၄၃၆
သင်္ဃန်းကျွန်းမြို့မရဲစခန်း - ၀၁ ၅၆၂၅၄၄

Yangon Police
https://www.facebook.com/yangonpolice
အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ဧည့်သည်လိုက်ပို့ရာမှ အမျိုးသမီး တဦး ပျောက်ဆုံးနေ  အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ဧည့်သည်လိုက်ပို့ရာမှ အမျိုးသမီး တဦး ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 18:00 Rating: 5
Powered by Blogger.