ပါကစ္စတန် ကျောင်းထဲ သေနတ်သမားတွေ ၀င်စီး ပစ်ခတ်နေ


News update 20-1-2016

ပါကစ္စတန် ကျန်းမာရေး ၀န်ကြီး Shaukat Ali Yousafzai ရှာကပ် အလီယူစာဖါ က ယခုအချိန်ပိုင်းအတွင်း သတင်းထောက်တွေကို ပြောကြားရာမှာ Bacha Khan University ဘာချ ကန် တက္ကသိုလ်ကို သေနတ်သမားတွေ စီးနင်း တိုက်ခိုက်ခံခဲ့ ရလို့  လူ ၂၀သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ကြောင်းနဲ့  ဒီထက်ပိုပြီး သေဆုံးမှု မြင့်တက်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အသေခံဗုံးသမားတွေဟာ ကျောင်းခန်းအတွင် ၀င်ရောက်ပြီး အသေခံဗုံး ခွဲခဲ့တဲ့ ယခုဖြစ်ရပ်ကို အကြမ်းဖက်အဖွဲ့ စည်းတခုဖြစ်တဲ့ တာလီဘန်တွေက သူတို့ လက်ချက်လို့  ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW



ပါကစ္စတန် ကျောင်းထဲ သေနတ်သမားတွေ ၀င်စီး ပစ်ခတ်နေ  ပါကစ္စတန် ကျောင်းထဲ သေနတ်သမားတွေ ၀င်စီး ပစ်ခတ်နေ Reviewed by THITHTOOLWIN on 15:35 Rating: 5
Powered by Blogger.