ကျိုင်းတုံ၌ မီးလောင်မှုဖြစ်ပွား




ကျိုင်းတုံမြို့ အမှတ်(၄)ရပ်ကွက် ပေါက်တိုက်ရပ် ၌ ဇန်နဝါရီ ၂၀ ရက်နံနက် ၅ နာရီ ၂၅မိနစ်အချိန် ခန့်က ဒေါ်ယုမိန်နေအိမ်တွင် အိပ်ခန်းအတွင်း ပြောင်းဖူး ရိုးများဖြင့် မီးလှုံရာမှတစ်ဆင့် အဝတ်အထည်များသို့ ကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

 မီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ရေသယ်ယာဉ်(၂)စီး၊အုပ်ချုပ်မှုယာဉ်(၁)စီး၊သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊အရန်မီးသတ် တပ်ဖွဲ့ဝင်(၂၅)ဦးတို့ဖြင့် သွားရောက်ငြှိမ်း သတ်ခဲ့ရာ နံနက် ၅ နာရီ ၄၅ မိနစ်တွင်မီးငြိမ်း သတ်နိုင်ခဲ့သည်။

အဆိုပါ နေအိမ်သည် ၄၀×၂၀ ပေ အုပ်ကြွပ်မိုး၊ အုတ်ကာ၊ တစ်ထပ် အိမ်ဖြစ်ပြီး မီးလောင်မှုကြောင့် အဆောက် အဦနှင့် အဝတ် အထည်များ မီးလောင်ကျမွ်းခြဲ့ပီး မီးလောင်မှုကြောင့် အိမ်ရှင်ဒေါ်ယုမိန် အားကျိုင်းတုံမြို့ ရဲတပ်ဖွဲ့စခန်းမှ(ပ-၆/၂၀၁၆)ပုဒ်မ (၂၈၅)ဖြင့်အရေး ယူထားကြောင်း သိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကျိုင်းတုံ၌ မီးလောင်မှုဖြစ်ပွား  ကျိုင်းတုံ၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.