တရုတ် ဒု-လုံခြုံရေး အရာရှိဟောင်း ထောင်ဒဏ်ချမှတ်ခံရ


တရုတ် ဒု-လုံခြုံရေး အရာရှိဟောင်း ဖြစ်သူ Li Dongsheng ကို လာဘ်စားမှုတွေနဲ့ ထောင် ၁၅ နှစ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။

မစ္စတာ Li ဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး လာဘ်စားမှုကြီး တစ်ခုကြောင့် ပြီးခဲ့တဲ့ ဇွန်လက ထောင် တသက်တကျွန်းချမှတ်ခံရတဲ့ တရုတ်လုံခြုံရေး အရာရှိချုပ်ဟောင်း Zhou Yongkang နဲ့ ပတ်သက်ဆက်နွယ်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ Li အား ပြစ်ဒဏ်ချမှတ်ခဲ့တာကို တရုတ်အစိုးရ ဗဟိုရုပ်မြင်သံကြား လူမှုကွန်ယက်အကောင့်မှာ ဖော်ပြခဲ့ပါတယ်။

မစ္စတာ Li ဟာ ဒေါ်လာ ၃.၃ သန်းနဲ့ညီမျှတဲ့ ယွမ်ငွေ ၂၂ သန်းနီးပါး လာဘ်စားမှုနဲ့ စွဲချက်တင်ခံရတာဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၉၆ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေ အတွင်းမှာ အာဏာအလွဲသုံးစား လုပ်ခဲ့တယ် ဆိုပြီးတော့လည်း မစ္စတာ Li ဟာ စွဲချက်တင်ခံခဲ့ရတယ်လို့ နိုင်ငံပိုင်မီဒီယာက အဲဒီအချိန်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မစ္စတာ Li ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ ရာထူးကအထုတ်ခံရပြီး တရုတ်လုံခြုံရေးအရာရှိချုပ်ဟောင်း Zhou Yongkang နဲ့ တခြားဆက်နွယ်နေသူတွေ နဲ့အတူ စုံစမ်းစစ်ဆေးခံခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာ Zhou ဟာ ၂၀၁၂ ခုနှစ် အငြိမ်းစားမယူခင်အချိန်အထိ တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းမှာ ပါဝင်တဲ့ လုံခြုံရေး အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/
တရုတ် ဒု-လုံခြုံရေး အရာရှိဟောင်း ထောင်ဒဏ်ချမှတ်ခံရ  တရုတ် ဒု-လုံခြုံရေး အရာရှိဟောင်း ထောင်ဒဏ်ချမှတ်ခံရ Reviewed by THITHTOOLWIN on 16:34 Rating: 5
Powered by Blogger.