တောင်ကုတ်တွင် လူနှစ်ဦးကို ရဲကဖမ်းဆီး စစ်ဆေး


နိရဉ္စရာ၊ ဇန်န၀ါရီ ၁၀

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် လူနှစ်ဦးအား ရက္ခိုင့်တပ်မတော်နှင် ဆက်နွယ်မှု သံသယဖြင့် ဖမ်းဆီး ထားသည်ဟု တောင်ကုတ် ဒေသခံများက ပြောသည်။

တောင်ကုတ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ အရာရှိ တစ်ဦးက “ စစ်ဆေးနေတုန်း ဖြစ်ပါတယ်။ နှစ်ဦးပါ။ လုံခြုံရေးအတွက် ဒီထက်ပိုပြီး ဘာမှ မပြောနိုင်ပါဘူး။ တောင်းပန်ပါတယ်” ဟု ပြောဆိုသည်။

နောက်ထပ် မေးမြန်းသော်လည်း လုံခြုံရေးနှင့် ဆိုင်သော ကိစ္စဖြစ်သဖြင့် အသေးစိတ် မပြောနိုင်ကြောင်း ပြောဆိုသည်။

Arakan State
https://www.facebook.com/NarinjaraNews
တောင်ကုတ်တွင် လူနှစ်ဦးကို ရဲကဖမ်းဆီး စစ်ဆေး တောင်ကုတ်တွင် လူနှစ်ဦးကို ရဲကဖမ်းဆီး စစ်ဆေး Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.