ပြည်ခိုင်ဖြိုးရွာ အမည်ကျောက်တိုက်တွေ လိုက်လံဖျက်သိမ်း

ပြည်ခိုင်ဖြိုးရွာ နာမည်တပ်ထားတဲ့ မြင်းခြံမြို့နယ် သစ်ရုံကျေးရွာကို တွေ့ရစဉ်။ Photo: Hset Paing Toe/RFA
မန္တလေးတိုင်းဒေသကြီး ငန်းဇွန်၊ တောင်သာ၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တို့က ကျေးရွာအတော်များများ မှာ ခြင်္သေ့ပုံနဲ့ "ပြည်ခိုင်ဖြိုးရွာ" လို့ နာမည်တပ်ထားတဲ့ ကျောက်တိုင်တွေကို သက်ဆိုင်ရာမြို့နယ်အလိုက် ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေက လိုက်လံဖျက်သိမ်းနေတယ်လို့ သိရပါတယ်။

မြင်းခြံမြို့နယ် သစ်ရုံကျေးရွာမှာရှိတဲ့ "ပြည်ခိုင်ဖြိုးရွာ" ကျောက်တိုင်တွေကို ပါတီတာဝန်ရှိသူတွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလောက်ကစပြီး ကျေးရွာထံအပ်နှံကြောင်းနဲ့ ရွာခံတွေက အရင်ရွာနာမည်အတိုင်း စိုက်ထူချင်တယ်လို့ ပြောတဲ့အခါ ရွာနာမည်နဲ့ ကျောက်တိုင်စိုက်ထူပေးခဲ့တာ ဖြစ်တယ်လို့ သစ်ရုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က ပြောပါတယ်။

"ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်ကို ပြောင်းပြီး သစ်ရုံကျေးရွာ တပ်လို့ရပြီလေ၊ ရွာက ကလေးတွေကလည်း နိုဝင်ဘာ ၄ ရက်နေ့မှာ ဖျက်ကြတယ်၊ ဆိုင်းဘုတ်ပြန်လုပ်ချင်တယ်ပေါ့၊ သစ်ရုံကျေးရွာအုပ်စုက ကြိုဆိုပါ၏ ဒါလေးတော့ ဖြစ်သင့်တယ်ပေါ့၊ ဒါလည်းကောင်းပါတယ်ဆိုပြီး တခါတည်း ညတွင်းချင်း ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်ဖျက်ပြီး သစ်ရုံကျေးရွာအုပ်စု လို့လာရေးပါတယ်"

မြင်းခြံခရိုင်အတွင်း ငန်းဇွန်၊ တောင်သာ၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေက ကျေးရွာတွေမှာ ခြင်္သေ့ပုံနဲ့အတူ "ပြည်ခိုင်ဖြိုးရွာ"လို့ ရေးထားတာတွေကို မတွေ့ရတော့ပဲ ကျေးရွာနာမည် တစ်ခုတည်းကိုပဲ ပြန်လည်ပြင်ဆင် ထားတာ ဖြစ်ပါတယ်။

အဲဒီကျေးရွာတွေမှာ လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကတည်းက ကြံ့ခိုင်ဖံွ့ဖြိုးရေး ပါတီရဲ့ နာမည်တွေကို ပေးထား တာ ဖြစ်ပါတယ်။

အဲဒီဒေသတ၀ိုက်ဟာ ပြီးခဲ့တဲ့နှစ်က ကွယ်လွန်သွားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရဲ့ ဇာတိဖြစ်ပြီး သူ့ရဲ့ သြဇာလွှမ်းမိုးမှု ခံရတဲ့ဒေသဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပြည်ခိုင်ဖြိုးရွာ အမည်ကျောက်တိုက်တွေ လိုက်လံဖျက်သိမ်း  ပြည်ခိုင်ဖြိုးရွာ အမည်ကျောက်တိုက်တွေ လိုက်လံဖျက်သိမ်း Reviewed by THITHTOOLWIN on 05:51 Rating: 5
Powered by Blogger.