ဓာတ်ကြိုးတက်ဖြုတ်သူ နှစ်ဦးဓာတ်လိုက် တစ်ဦးသေဆုံး

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - Google Images
ပွင့်ဖြူ ဇန်နဝါရီ ၁ဝ

မကွေးတိုင်းဒေသကြီးမင်းဘူး ခရိုင်ပွင့်ဖြူမြို့နယ် သရက်တောရွာ တွင် ယခုလ၈ရက် နံနက်၁၁နာရီ ခန့်က လူတစ်ဦး လျှပ်စစ်ဓာတ် လိုက်သေဆုံးကြောင်း သတင်းအရ လယ်ကိုင်းနယ်မြေရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေး ခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရပွင့်ဖြူမြို့နယ် သရက်တောရွာ ဘူးသည်မုန်းချောင်း ဆိပ်ကမ်းပါးအနီးတွင် မုန်းချောင်း ဆိပ်ကမ်းအနောက်ဘက် သုံးဖာလုံ ခန့်အကွာရှိ ကျောင်းတော်ရာ ကျေးရွာဘက်မှ သရက်တောကျေး ရွာသို့သွယ်တန်းထားသော ၁၁ ကေဗွီဓာတ်အားလွှတ် လျှပ်စစ် ဓာတ်ကြိုးဓာတ်တိုင်အမှတ်(၂၂) အနီး ငါးပေခန့်အကွာ ဓာတ်တိုင် အဟောင်းမှ ဓာတ်ကြိုးအဟောင်း ကို သရက်တောကျေးရွာနေသူ အောင်မြတ်မင်းအသက် ၃ဝ နှင့် တစ်ရွာတည်းနေ ဦးအေးဝင်း ၅၇ နှစ်တို့နှစ်ဦးက တက်ဖြုတ်စဉ် အသစ်စိုက်ထူထားသော လျှပ်စစ် ဓာတ်တိုင် အမှတ်(၂၂)မှ လျှပ်စစ် လွှတ်ထားသောဓာတ်ကြိုးနှင့် ၄င်းတို့ဖြုတ်ယူနေသော ဓာတ်ကြိုး အဟောင်းတို့ထိမိကာ အောင်မြတ် မင်းနှင့် ဦးအေးဝင်းတို့ နှစ်ဦးမှာ လျှပ်စစ်ဓာတ်လိုက်ပြီး အမြင့်ပေ ၂ဝခန့်ရှိဓာတ်တိုင်ပေါ်မှပြုတ်ကျ၍ အောင်မြတ်မင်းမှာရရှိသောဒဏ်ရာ များဖြင့်အခင်းဖြစ်နေရာတွင်သေဆုံး သွားခဲ့ပြီး ဦးအေးဝင်းတွင် မစိုးရိမ် ရဒဏ်ရာများ ရရှိခဲ့သဖြင့် ပွင့်ဖြူ မြို့နယ် လယ်ကိုင်းနယ်မြေရဲစခန်း မှ သေမှုသေခင်းရေးဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)
The Union Daily
http://uniondaily.net
ဓာတ်ကြိုးတက်ဖြုတ်သူ နှစ်ဦးဓာတ်လိုက် တစ်ဦးသေဆုံး  ဓာတ်ကြိုးတက်ဖြုတ်သူ နှစ်ဦးဓာတ်လိုက် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 15:30 Rating: 5
Powered by Blogger.