စက်သုံးဆီ ဈေးချဖို့ ထပ်မံ အကြောင်းကြား

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဆင်ဟွာ)
 ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် အများစု လက်လီ ဈေးနှုန်း ကျဆင်းမှု မရှိသေး၍ ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်း ထပ်မံ ဆက်လက် ကျဆင်းစေရေး လိုအပ်သလို စီမံ ကြီးကြပ် ဆောင်ရွက်နိုင်ရန် အကြောင်းကြား

    ရန်ကုန် ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

    ရန်ကုန်မြို့  အပါအဝင် နိုင်ငံတစ်ဝန်းရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်အများစု၏ လက်လီ ဈေးနှုန်း ကျဆင်းမှု မရှိသေးကြောင်း တွေ့ ရှိရသဖြင့် ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်း အထိ ထပ်မံ ဆက်လက် ကျဆင်းစေရေး လိုအပ်သလို စီမံ ကြီးကြပ် ဆောင်ရွက်နိုင်ရန် စွမ်းအင် ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့် ဖြူးရေး အသင်းသို့ အကြောင်းကြားထားကြောင်း သိရသည်။

စက်သုံးဆီ လက်လီရောင်း ဈေးနှုန်း ကျဆင်းခြင်းသည် လက်ရှိ ဆိပ်ကမ်း အရောက် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း ထပ်မံ လျှော့ချရန် လိုအပ်ကြောင်း စိစစ် တွေ့ ရှိရကြောင်း စွမ်းအင် ဝန်ကြီးဌာန၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့ ရေနံ ဈေးနှုန်းများ ကျဆင်း လာသော်လည်း ပုဂ္ဂလိက စက်သုံးဆီ ရောင်းဈေးနှုန်းများ ကျဆင်းမှု မရှိသဖြင့် စွမ်းအင် ဝန်ကြီးဌာန ၊ ရေနံထွက် ပစ္စည်းများ တင်သွင်း သိုလှောင် သယ်ယူ ချက်လုပ် ဖြန့် ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီ၏ လမ်းညွှန်ချက် အရ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့် ဖြူးရေး အသင်း၏ ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်မှုဖြင့် ဇန်နဝါရီ ၁၉ ရက်မှ စတင်၍ ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် အချို့ ၏ လက်လီ ဈေးနှုန်းများသည် တစ်လီတာလျှင်  ငွေကျပ် ၅၀ မှ ကျပ် ၈၀ အထိ စတင် ကျဆင်းခဲ့ကြောင်း တွေ့ ရှိရသည်ဟု အကြောင်းကြားစာတွင် ပါရှိသည်။

 (Xinhua)
http://www.xinhuamyanmar.com
စက်သုံးဆီ ဈေးချဖို့ ထပ်မံ အကြောင်းကြား  စက်သုံးဆီ ဈေးချဖို့ ထပ်မံ အကြောင်းကြား Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.