ခရီးသည်တင်ယာဉ်အရှိန်မထိန်းနိုင်ဘဲ ကုက္ကိုပင်ဝင်တိုက်


တပ်ကုန်း ဇန်နဝါရီ ၅

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ မိုင်တိုင်အမှတ် (၂၇၇/၆) နှင့် (၂၇၇/၇) ကြား စက်သုံးဆီအရောင်းဆိုင် ရှေ့၌ ဇန်နဝါရီ ၅ ရက် ညနေ ၄ နာရီက တပ်ကုန်းမှ ရမည်းသင်းဘက်သို့ ယာဉ်မောင်း ရာဇာမိုး(၃၂ နှစ်) တောင်ငူမြို့ မောင်းနှင်လာသော ခရီးသည်တင်မှန်လုံ(ဓူဝံ) နေပြည်တော်-မူဆယ်သည် ရှေ့မှဆိုင်ကယ်အား ရှောင်တိမ်းရာမှ လမ်းဝဲဘက်ဘေးရှိ ကုက္ကိုပင်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိ၍ ယာဉ်ပေါ်၌ပါလာသည့် ခရီးသည် ၁၃ ဦး ဒဏ်ရာများရရှိသွားသဖြင့် တပ်ကုန်းမြို့ ခုတင် ၁ဝဝ ဆေးရုံ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရ သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ခရီးသည်တင်ယာဉ်အရှိန်မထိန်းနိုင်ဘဲ ကုက္ကိုပင်ဝင်တိုက်  ခရီးသည်တင်ယာဉ်အရှိန်မထိန်းနိုင်ဘဲ ကုက္ကိုပင်ဝင်တိုက် Reviewed by THITHTOOLWIN on 11:39 Rating: 5
Powered by Blogger.