ချောင်းသာအပန်းဖြေသွားရာမှ ပြန်လာသော စီးလုံးငှားမှန်လုံယာဉ် ညောင်တုန်းမြို့နယ်၌ လမ်းချော်သဖြင့်ယာဉ်မတော်တဆမှုဖြစ်ကာ ယာဉ်မောင်းဖြစ်သူသေဆုံး


မအူပင် ၊ ဇန်နဝါရီ ၊ ၂၅

၂၅-၁-၂၀၁၆နေ့ မွန်းလွဲ ၀၃:၄၅ နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ် ၊ ချောင်းသာအပန်းဖြေကမ်းခြေမှ ပုသိမ် - ရန်ကုန်ကားလမ်းမကြီးအတိုင်း ဗိုလ်မြတ်ထွန်းတံတားအဆင်းမှ ရန်ကုန်သို့ မောင်းနှင်လာသည့် "နေ့သစ်ထူး" ကုမ္ပဏီမိသားစုနှင့် ဝန်ထမ်းများလိုက်ပါ စီးနင်းလာသော "ရှမ်းသစ္စာ" စီးလုံးငှားမှန်လုံယာဉ်သည် ညောင်တုန်းမြို့နယ် ၊ ကျုံတမာကျေးရွာသို့အရောက် ကျုံတမာကျေးရွာမူလတန်းကျောင်းရှေ့ကွေ့ ပဲရုံဆိပ်အနီး၌ ယာဉ်မတော်တဆမှု ဖြစ်ပွားသဖြင့် ယာဉ်မောင်းဖြစ်သူမှာ အခင်းဖြစ်ရာနေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည် ။ ဖြစ်စဉ်မှာ စီးလုံးငှားမှန်လုံမော်တော်ယာဉ်သည် ပုံမှန်အရှိန်လေးဖြင့် မောင်းနှင်လာစဉ် မိုးအနည်းငယ်ရွာသွန်းနေချိန် လမ်းလည်း ချော်နေသဖြင့် လမ်းပေါ်ရှိတွဲတင်မော်တော်ယာဉ်ကြီးတစ်စီးအား အနောက်မှဝင်ရောက်တိုက်မိပြီး လမ်းဘေးသို့ ထိုးကျသွားခြင်းဖြစ်ကြောင်းသိရှိရပြီး ၎င်းယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်း ဦးအေးကျော် (၅၀)နှစ်တစ်ဦးသာသေဆုံး၍ ယာဉ်ပေါ်လိုက်ပါလာသော အခြားခရီးသည်များမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည် ။

Ref : Paing Lay
မအူပင်သတင်းပုံရိပ် (Facebook)



ချောင်းသာအပန်းဖြေသွားရာမှ ပြန်လာသော စီးလုံးငှားမှန်လုံယာဉ် ညောင်တုန်းမြို့နယ်၌ လမ်းချော်သဖြင့်ယာဉ်မတော်တဆမှုဖြစ်ကာ ယာဉ်မောင်းဖြစ်သူသေဆုံး  ချောင်းသာအပန်းဖြေသွားရာမှ ပြန်လာသော စီးလုံးငှားမှန်လုံယာဉ် ညောင်တုန်းမြို့နယ်၌ လမ်းချော်သဖြင့်ယာဉ်မတော်တဆမှုဖြစ်ကာ ယာဉ်မောင်းဖြစ်သူသေဆုံး Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.