ဘုရားပုံတော်အမှုဖြင့် အကျဉ်းကျနေ့သည့် နယူးဇီလန်နိုင်ငံသား ယနေ့လွှတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်လာ


ဗုဒ္ဓဘုရားပုံတော်အား မသင့်လျော်သည့် ဒီဇိုင်းဆင်မြန်းမှုဖြင့် အကျဉ်းကျရောက်နေသည့် နယူးဇီလန် နိုင်ငံသားအား ဇန်န၀ါရီလ ၂၂ ရက် (ယနေ့) လွတ်ငြိမ်းချမ်းသာခွင့် ပေးသော အကျဉ်းသား ၁၀၂ ဦးအတွင်း ပါဝင်လာခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နှစ်က ရန်ကန်မြို့ ဗဟန်းမြို့နယ်အတွင်း V - Gastro Bar ဆိုင်တွင် ဘုရားပုံတော်အား မသင့်လျော်သည့် ဒီဇိုင်းဆင်မြန်းကာ ဆိုင်ကြော်ငြာခဲ့မှုနှင့် ပက်သက်၍ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ ၂၉၅(က)နှင့် ပုဒ်မ ၁၈တို့ဖြင့် တရားစွဲဆိုကာ ဗဟန်းမြိုနယ် တရားရုံးမှ စုစုပေါင်း ထောက်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အကျဉ်းသားများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ (၄၀၁/ခ) အရ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီး မှ ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး နိုင်ငံသား အကျဉ်းသား ၁၀၁ဦး၊ နိုင်ငံခြားသား အကျဉ်သား တစ်ဦးပါဝင်ခဲ့ကာ အဆိုပါ နိုင်ငံခြားသားမှာ V-Gastro Bar အမှုဖြင့် အကျဉ်းကျနေသည့် နယူးဇီလန်
နိုင်ငံသား ဖြစ်ကြောင်း သိရသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies
ဘုရားပုံတော်အမှုဖြင့် အကျဉ်းကျနေ့သည့် နယူးဇီလန်နိုင်ငံသား ယနေ့လွှတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်လာ  ဘုရားပုံတော်အမှုဖြင့် အကျဉ်းကျနေ့သည့် နယူးဇီလန်နိုင်ငံသား ယနေ့လွှတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်လာ Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.