ဆီးရီးယားနိုင်ငံရှိ သူပုန်ထိန်းချုပ်ရာမြို့တွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ၅၇ ဦးသေဆုံး


ဘေရွတ် ဇန်နဝါရီ ၁ဝ

ယခုလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြင်ဆင်မှုတစ်ရပ်အဖြစ် ကုလ သမဂ္ဂအထူးသံတမန်ဒမတ်စကတ်သို့လာရောက်စဉ်စနေနေ့တွင် ဆီးရီးယား သူပုန်ထိန်းချုပ်ရာမြို့တစ်မြို့ကို လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် လူအများ အပြား သေဆုံးသွားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်းဒလစ်ပြည်နယ်မားရက် အယ်လ်နုမန်းမြို့ရှိ အကျဉ်းစခန်းနှင့်တရားရုံးကို ထိမှန်ခဲ့ရာ လူ ၅၇ ဦးထက်မနည်း သေဆုံးသွားကြောင်း၊ ယင်းတိုက်ခိုက်မှုကို ရုရှားဂျက် လေယာဉ်များက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ တရားရုံးမှာ အယ်လ်ခိုင်ဒါနှင့် ဆက်နွှယ်သော နူဆရာ တပ်ဦးမှ ဖွင့်လှစ်ထားကြောင်း ဆီးရီးယားလူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

ရုရှားတို့အနေဖြင့် စက်တင်ဘာလကတည်းက ဆီးရီးယားသမ္မတ ဘရှာ အယ်လ်အာဆတ်ကို ထောက်ခံသည့်အနေဖြင့် ဆီးရီးယားကိုလေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ တရားရုံးအဆောက်အအုံကို ဒုံးကျည်လေးလုံးထိမှန်ခဲ့ရာ အမျိုးသမီး သုံးဦး၊ ကလေးတစ်ဦးအပါအဝင် နူဆရာတပ်ဦးအဖွဲ့ဝင် ၂၃ ဦးသေဆုံးခဲ့သည်ဟု အဆိုပါ လူ့အခွင့် အရေးအဖွဲ့က ပြောသည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆီးရီးယားနိုင်ငံရှိ သူပုန်ထိန်းချုပ်ရာမြို့တွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ၅၇ ဦးသေဆုံး   ဆီးရီးယားနိုင်ငံရှိ သူပုန်ထိန်းချုပ်ရာမြို့တွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ၅၇ ဦးသေဆုံး Reviewed by THITHTOOLWIN on 04:15 Rating: 5
Powered by Blogger.