ရွှေရောင်းမှား၊ ဝယ်မှားရာမှ ဖြစ်ပေါ်နိုင်သည့် မှုခင်းများ အကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဆွေးနွေးမည်

ရွှေဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ၌ ရွှေ အရောင်းအဝယ် ပြုလုပ်ရာတွင် အရောင်းအဝယ် မှားရာမှ ဖြစ်ပေါ်နိုင်သည့် မှုခင်းများ အကြောင်းကို ပြည်ထဲရေး ဝန်ကြီးဌာန နှင့်  မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းတို့ တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရန်ကုန်၌ ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး ရွှေ ရောင်းဝယ်ရာတွင် ဖြစ်ပေါ်တတ်သော မှုခင်း ဆိုင်ရာများ ၊ ဖောက်ခွဲခံရမည့် အမှု ဖြစ်စဉ်များကို ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများနှင့် ဥပဒေများအား ထည့်သွင်း ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ရွှေအရောင်းဆိုင်များ ၌ ဖောက်ထွင်း လုယက်ခံရသည့် အမှုများကို ကြိုတင် ကာကွယ်ရမည့် အချက်များ၊ ရွှေ ရောင်းဝယ်ရင်း မှုခင်းများ ဖြစ်ပေါ်မှု မဖြစ်စေရန် ပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ ပြည်ထဲရေး ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ရွှေရောင်းမှား၊ ဝယ်မှားရာမှ ဖြစ်ပေါ်နိုင်သည့် မှုခင်းများ အကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဆွေးနွေးမည်  ရွှေရောင်းမှား၊ ဝယ်မှားရာမှ ဖြစ်ပေါ်နိုင်သည့် မှုခင်းများ အကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဆွေးနွေးမည် Reviewed by THITHTOOLWIN on 02:37 Rating: 5
Powered by Blogger.