ဂျကာတာ တိုက်ခိုက်မှု ကြိုးကိုင်သူ နာမည်ကို ဖော်ထုတ်


အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျကာတာ မှာ အချိန်ကိုက် လုပ်ဆောင် ခဲ့တဲ့ တိုက်ခိုက်မှု တွေ ရဲ့ နောက်ကွယ် က သူ ဘယ်သူ ဘယ်ဝါ လဲ ဆိုတာ ကို အင်ဒိုနီးရှား ရဲ တွေ က နာမည် တပ် ပြောဆို လိုက် ပါတယ်။

အစ္စလာမ်မစ် လက်နက်ကိုင် Bahrun Naim ဘေရွန်း နာအီးမ် ဆိုသူ ကို ဖမ်းဆီး နိုင်ဖို့ လိုက်လံ ရှာ ဖွေ နတယ် လို့လည်း အင်ဒိုနီးရှား အာဏာပိုင် တွေ က ပြောပါတယ်။


အဲဒီ့ သူဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့IS ရဲ့ အဖွဲ့ ဝင် တစ်ယောက် ဖြစ်ပြီး၊ IS ထဲ မှာ ပိုပြီး အရေးပါ အရာ ရောက်သူ ဖြစ်လို တဲ့ အတွက် ဂျကာတာ တိုက်ခိုက်မှု တွေကို စီစဉ် ခဲ့တာ ဖြစ်တယ် ဆိုပြီး တော့လည်း သတင်းတွေ ထွက် နေပါတယ်။

ဂျကာတာ မြို့လယ် က နေရာ တချို့ကို သေနတ် နဲ့ ဗုံးတွေ ကိုင်ဆောင် ထားကြတဲ့ ဝတ်စုံနက် ဝတ်ဆင် ထားသူ တွေ တိုက်ခိုက် ခဲ့ ကြတာ ဖြစ်ပါတယ်။
အဲဒီ့ ဖြစ်ရပ် မှာ သေနတ် သမား ၅ ဦး နဲ့ အရပ်သား ၂ ဦး တို့ သေဆုံး ခဲ့ကြ ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဂျကာတာ တိုက်ခိုက်မှု ကြိုးကိုင်သူ နာမည်ကို ဖော်ထုတ် ဂျကာတာ တိုက်ခိုက်မှု ကြိုးကိုင်သူ နာမည်ကို ဖော်ထုတ် Reviewed by THITHTOOLWIN on 09:21 Rating: 5
Powered by Blogger.