ကလေးများအတွက် စားသောက်ကုန်များ ထုတ်လုပ်ရောင်းချမှု မြန်မာစာဖြင့် မဖော်ပြပါက တိုင်ကြားနိုင်တော့မည်


ရန်ကုန် ဇန်နဝါရီ ၅

ကလေးများအတွက် အစားအသောက်များရောင်းချ ရာတွင် မည်သည့်နိုင်ငံထုတ်ကုန်ဖြစ်စေ မြန်မာဘာသာ ဖြင့် စနစ်တကျ ရေးသားမဖော်ပြသည်ကို တွေ့ရှိရပါက ရောင်းချသူနှင့် ထုတ်လုပ်ဖြန့်ဖြူးသူများကို အရေးယူနိုင် ပြီး မည်သူမဆို စနစ်မကျသည့် ကလေးအစားအသောက် များကို မြင်တွေ့ရပါက အရေးယူခြင်းများကို မကြာမီ စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ သိရသည်။

ကလေးငယ်၏ ဖြည့်စွက်စာများကို အသက် ခြောက်လ တွင် စတင်ကျွေးမွေးလေ့ရှိကြပြီး အများအားဖြင့် ပြည်တွင်းဖြစ်ထက် နိုင်ငံခြားမှ တင်သွင်းသည့် နို့မှုန့်နှင့် ဖြည့်စွက်စာများကို အများဆုံးဝယ်ယူအသုံးပြုနေကြ သည်။ ယခုနောက်ပိုင်းတွင် အချို့သော နာမည်ရ ကုန်အမှတ်တံဆိပ်များတွင် မြန်မာစာဖြင့် ရေးသားထား သည့် ပါဝင်သည့်ကုန်ကြမ်းများ၊ ရရှိနိုင်သည့် အဟာရ အချိုးအစားနှင့် အသုံးပြုပုံများ၊ သတိပေးချက်များနှင့် ဆက်သွယ်ရန် ပြည်တွင်းဖြန့်ဖြူးခွင့်ရရှိသည့် လိပ်စာများ ကို ဖော်ပြလာကြသည်ကို တွေ့မြင်ရသော်လည်း ကုန် အမှတ်တံဆိပ်အားလုံးတွင် မြန်မာစာဖြင့် ရေးသားမှုမှာ အားနည်းနေသေးကြောင်း သိရသည်။

''ဈေးကွက်ထဲမှာဖြန့်ဖြူးနေတဲ့ ကုန်အမှတ်တံဆိပ်တွေ အားလုံးကို မှာကြားထားပါတယ်။ မြန်မာစာနဲ့ ရေးသား ထားခြင်းမရှိရင် လုံးဝခွင့်မပြုတော့ပါဘူး။ အခုနှစ်ထဲမှာပဲ သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းသွားဖို့ရှိပြီး အဖွဲ့က အရေးယူတာတွေနဲ့ တိုင်ကြား မှုကို စိစစ်တာတွေ စတင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ဈေးကွက်တင်ခြင်းဆိုင်ရာ ဥပဒေအရ အရေးယူသွားဖို့ ရှိပါတယ်။ လက်ရှိမှာတော့ ပညာပေးအစီအစဉ်တွေ လုပ်ဖို့ရှိတယ်'' ဟု စားသောက်ကုန်ကွပ်ကဲမှု တာဝန်ရှိသူ တစ်ဦးက ဖြေကြားသည်။
အွန်လိုင်းဈေးကွက်နှင့် တစ်နိုင်တစ်ပိုင်ရောင်းချမှုများ အားကောင်းလာခြင်းကြောင့် နိုင်ငံခြားမှ ကလေး အာဟာရ အစားအစာများသည် အရည်အသွေး စမ်းသပ် ချက်မရှိဘဲ ပြည်တွင်းကလေးအစားအစာဈေးကွက်သို့ ဝင်ရောက်မှုများပြားလာသည့်အပြင် နယ်စပ်မှ တရား မဝင်တင်သွင်း သည့်အစားအစာများမှာလည်း အရည် အသွေး အာမခံချက်မရှိကြောင်းသိရသည်။

''ကလေးအာဟာရနဲ့ ဖြည့်စွက်စာတွေက အိမ်နီးချင်း နိုင်ငံမှာ ဈေးပိုသက်သာပြီး ဒီမှာရောင်းကြတဲ့အခါ ဈေး တွေ အဆမတန်များနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် တရားဝင်ကုန်စည်တွေက အရည်အသွေး ပိုစိတ်ချရပါ တယ်။ ကလေးငယ်တွေအတွက် အစားအစာက အလွန် အရေးကြီးတာကြောင့် စနစ်တကျ ရွေးချယ်ဖို့လိုပါတယ်။ ကလေးကုန်စည်တွေအပြင် ကျောင်းနေအရွယ်ကလေး တွေ စားသုံးတဲ့ အသင့်စားမုန့်တွေနဲ့ သွားရေစာတွေကို လည်း စနစ်တကျနဲ့ စိစစ်ရောင်းချဖို့အတွက်လည်း နောက်ပိုင်းမှာ လုပ်ဆောင်သင့်တယ်''ဟု ကလေးအထူး ကုဆရာဝန်ကြီး ဒေါက်တာလွင်လွင်မော်က ပြောကြား သည်။

သတင်း -သွန်းဝဿန်      ၊  ဓာတ်ပုံ-မေဦးမိုး

 (မြန်မာ့အလင်း)
https://www.facebook.com/MYANMAALINNNEWS/
ကလေးများအတွက် စားသောက်ကုန်များ ထုတ်လုပ်ရောင်းချမှု မြန်မာစာဖြင့် မဖော်ပြပါက တိုင်ကြားနိုင်တော့မည်   ကလေးများအတွက် စားသောက်ကုန်များ ထုတ်လုပ်ရောင်းချမှု မြန်မာစာဖြင့် မဖော်ပြပါက တိုင်ကြားနိုင်တော့မည် Reviewed by THITHTOOLWIN on 13:25 Rating: 5
Powered by Blogger.