တောင်ဒဂုံတည်းခိုခန်းမီးလောင် တစ်ဦးသေဆုံး


ရန်ကုန် ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး ဒုံမြို့ သစ်(တောင်ပိုင်း) မြို့နယ် (၆၅) ရပ်ကွက် ဧရာဝဏ်လမ်းမကြီး အမှတ်(၇၂၇/၇၂၈)ရှိ ဦးဟင်ဘီ (စိစစ်ဆဲ)ပိုင် စိမ့်စမ်းရေတည်းခို ခန်း အခန်းအမှတ်(C-4)တွင် ယနေ့ နံနက် ၄ နာရီမှ စတင်ကာ ခြင် ဆေးခွေထွန်းရာမှ တစ်ဆင့်မီးကူး စက်လောင်ကျွမ်းခဲ့ခြင်းကြောင့် မီးလောင်ရာသို့ ရန်ကုန်တိုင်းဒေသ ကြီး မီးသတ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသောတာ၊ ဒဂုံတောင်မြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူး ဦးမြင့်လွင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဌေးဦးစီး သောမီးသတ်တပ်ဖွဲ့ဝင် အင်အား ၅ဝတို့သည် မီးသတ်ယာဉ် ၁ဝစီး နှင့် အုပ်ချုပ်မှုယာဉ်နှစ်စီးတို့ လာ ရောက်ငြှိမ်းသတ်ရာ နံနက် ၄ နာရီမိနစ်၂ဝ တွင် မီးငြိမ်းသွားခဲ့ ကြောင်း သိရသည်။

 မီးလောင်မှု ကြောင့် အခန်းအမှတ်(C-4)တွင် တည်းခိုနေထိုင်သူ အောင်ကျော် ခန့် (၅၂နှစ်)(ဘ)ဦးသောင်း ဝေ မှာ မီးခိုးမွှန်သေဆုံးခဲ့ကြောင်း၊ အလောင်းအား သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးသို့ပို့အပ်ရာ ဆေးရုံမှ PR (75) ဖြင့် လက်ခံထားကြောင်း သိရသည်။

 မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍မန်နေဂျာဦးအောင်ဆန်း ဦး(၃၄နှစ်)(ဘ)ဦးမောင်မောင် တည်းခိုခန်းလိပ်စာနေသူအား ဒဂုံ မြို့သစ်(တောင်ပိုင်း) ရဲစခန်းမှ (ပ)၆၄/၂ဝ၁၆ ပုဒ်မ ၂၈၅/၃ဝ၄ (က)ဖြင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

 ဆုံးရှုံးမှု တန်ဖိုးငွေမှာ အဆောက်အအုံ တန်ဖိုးကျပ်၂ဝဝဝဝဝ၊ ပစ္စည်းတန်ဖိုး ကျပ်၅ဝဝဝဝ စုစုပေါင်းကျပ် ၂၅ဝဝဝဝဖြစ်ပြီး ၄င်းစိမ့်စမ်းရေ တည်းခိုခန်းမှာ ပေ(၁၂ဝx ပေ၄ဝ) ရှိ RC နှစ်ထပ် အဆောက်အအုံမှ အခန်းငါးခန်းမီးလောင်ကျွမ်းခဲ့ ကြောင်း သိရသည်။

မောင်နီ(ဒဂုံတောင်)
The Union Daily
http://uniondaily.net
တောင်ဒဂုံတည်းခိုခန်းမီးလောင် တစ်ဦးသေဆုံး  တောင်ဒဂုံတည်းခိုခန်းမီးလောင် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 14:52 Rating: 5
Powered by Blogger.