အရှည် ၂၉ ပေခန့် ရှိဝေလငါးတစ်ကောင် မာန်အောင်ကမ်းခြေတွင်သောင်တင် သေဆုံး



ရန်ကုန်၊ ဇန်န၀ါရီ ၂၅

ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ်၊မျှော်တော် ဦးကျေးရွာ မျှော်တော်ဦး ကမ်းခြေတွင် ဇန်နဝါရီ၂၅ရက်ယနေ့ နေ့ လယ်ပိုင်း ၄ နာရီ က ပေ၂၉ ပေခန့် ရှိဝေလ ငါးကြီးတစ်ကောင်သောင်တင်သေဆုံး လျှက်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

" ကျွန်တော်တို့သွားကြည့်တော့ဒီ နေ့ညနေ ၄ နာရီလောက်က ကမ်းလျှက်ခြေမှာ တင်နေတာ။ ဝေလ ငါးအရှည်က ၂၉ပေလောက်ရှိမယ်။ ခန်မှန်းလုံးပတ်ကပေ၂၀ လောက် ရှိမယ်။တော်တော့်ကိုကြီးတာဗျ။ ငါးကြီးကတော့ ဒဏ်ရာ ဒဏ်ချက်တွေတော်တော်များ တယ်။ ကျောက်ဆောင်ကျောက်သားတွေကြားက ဆင်းမရဘဲသေနေ တာဖြစ်မယ်ဟု" သွားရောက်ကြည့်ရှုခဲ့သူစာရေး ဆရာဝေဟင်အောင်မှနိရဉ္စရာသို့ပြောသည်။

ယင်းသေဆုံးနေသောဝေလငါးကြီးအား ကမ်းခြေ နားတွင်မြေမြုပ်ရန် ရွာသူရွာသားများက စီစဉ်နေကြောင်းသိရသည်။

(ဓာတ်ပုံ- နိရဉ္စရာသတင်းဌာန/ ၀ဏ္ဍခွာညို)
ဝဏ္ဏခွာညို
Arakan State
https://www.facebook.com/NarinjaraNews/
အရှည် ၂၉ ပေခန့် ရှိဝေလငါးတစ်ကောင် မာန်အောင်ကမ်းခြေတွင်သောင်တင် သေဆုံး  အရှည် ၂၉ ပေခန့် ရှိဝေလငါးတစ်ကောင် မာန်အောင်ကမ်းခြေတွင်သောင်တင် သေဆုံး Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.