မိုင်းရှူး၌ မိုးသီးများကျ၊ စစ်ဘေးရှောင်များအတွက် အအေးဒဏ် စိုးရိမ်ရ


မိုင်းရှူးမြို့တွင် ယနေ့ ၂၀၁၆ခုနှစ် ဇန်န၀ါရီလ(၂၅)ရက် နံနက်ပိုင်းက မိုးရွာသွန်းပြီး မိုးသီးများကျနေရာ ရာသီဥတုမှာလည်း အေးနေလျှက်ရှိသည့်အတွက် စစ်ဘေးရှောင် စခန်းတွင် တဲများဖြင့် ခက်ခဲစွာ နေထိုင်နေရသည့် စစ်ဘေးသင့် တိုင်းရင်းသား ပြည်သူများအတွက် အအေးဒဏ် စိုးရိမ်ရကြောင်း ဒေသခံများမှ ပြောနေကြသည်။

"ရာသီဥတုက အေးလာတယ်၊ အေးလာတဲ့အထဲ မိုးရွာပြီး မိုးသီးတွေပါ ကျလာတယ်၊ စစ်ဘေးရှောင် စခန်းမှာက မိုးကာတဲလေးတွေနဲ့ နေနေကြရတဲ့ လူတွေ ခပ်များများပဲ၊ သူတို့အတွက် ဘယ်လိုနေမလဲမသိဘူး"ဟု မိုင်းရှူးဒေသခံ ဒေါ်နန်းစံက ဆိုသည်။


ရှမ်းပြည်နယ်အတွင်း၌ ရာသီဥတုကြောင့် ကျိုင်းတုံမြို့တွင် ဇန်န၀ါရီလ(၂၄)ရက် ညပိုင်းက မိုးသီးအနည်းငယ်ကျခဲ့ပြီး ဇန်န၀ါရီလ(၂၅)ရက် နံနက်ပိုင်းတွင် ပင်လုံမြို့နှင့် မိုင်းရှူးမြို့တို့တွင်လည်း မိုးသီးများကျသည့်အတွက် အအေးပိုလျှက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ။ ။ Nan Kaung Kham
Tachileik News Agency
http://www.tachileik.net/2016/01/MSH.html
မိုင်းရှူး၌ မိုးသီးများကျ၊ စစ်ဘေးရှောင်များအတွက် အအေးဒဏ် စိုးရိမ်ရ  မိုင်းရှူး၌ မိုးသီးများကျ၊ စစ်ဘေးရှောင်များအတွက် အအေးဒဏ် စိုးရိမ်ရ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.