အိမ်ဖြူတော်က ပျောက်ဆုံးနေသည့် အမေရိကန်နိုင်ငံသား အီရန်နိုင်ငံတွင် မရှိတော့ကြောင်း ပြောကြား

ပျောက်ဆုံးနေသည့် အမေရိကန်နိုင်ငံသား FBI အေးဂျင့်ဟောင်း Robert Levinson အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

    အိမ်ဖြူတော်က ပျောက်ဆုံးနေသည့် FBI အေးဂျင့်ဟောင်း Robert Levinson သည် အီရန်နိုင်ငံ၌ မရှိတော့သည်ကို အမေရိကန် အနေဖြင့် ယုံကြည်ရန် အကြောင်းပြချက်ရှိပါကြောင်း ဇန်နဝါရီလ ၁၉ရက်နေ့က ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ထိုသို့ထုတ်ပြန်ခဲ့ခြင်း အကြောင်းရင်းကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Josh Earnest က ပြောကြားခဲ့ခြင်းမရှိသော်လည်း Robert Levinson မည်သည့်နေရာ တွင် ရှိသည်ကို ဆက်လက် ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက Levinson ၏တည်နေရာအား ကူညီရှာဖွေပေးရန် အီရန်နိုင်ငံ က ကတိကဝတ်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

Levinson သည် အီရန်နိုင်ငံ Kish ကျွန်းတွင် ၂၀၀၇ခုနှစ်က ပျောက်ဆုံးခဲ့ကြောင်း နှင့် သတင်းမီဒီယာ များက ၄င်း အား အီရန်နိုင်ငံအတွင်း သတင်းအချက်အလက်များ ထောက်လှမ်းရန် အမေရိကန်ထောက်လှမ်းရေး အေဂျင်စီ ကစေလွှတ်ထား ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ကာ အီရန်နိုင်ငံ က ထိုအမေရိကန်နိုင်ငံသားအား နိုင်ငံတွင်း ထိန်းသိမ်းထားခြင်းမရှိကြောင်း အကြိမ်ကြိမ်ငြင်းဆိုခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံ သည် အမေရိကန်နိုင်ငံ နှင့် အကျဉ်းသားလဲလှယ်မှု အစီအစဉ်အဖြစ် လွန်ခဲ့သည့် ရက်သတ္တပါတ် က လွှတ်ပေးခဲ့သည့် အမေရိကန်နိုင်ငံသား ငါးဦးတွင် Levinson ပါဝင်လာခြင်းမရှိကြောင်း သိရသည်။

Levinson၏ မိသားစု ဝင် များက အီရန်မှ လွတ်မြောက်လာသူများ နှင့် ၄င်းတို့၏မိသားစု အတွက် ဝမ်းမြောက်မိသော်လည်း Levinson မပါဝင်ခဲ့ခြင်းအတွက် ဝမ်းနည်း ကြေကွဲ ရကြောင်း ထုတ်ပြန်ချက်တစ်ခု တွင် ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အိမ်ဖြူတော်က ပျောက်ဆုံးနေသည့် အမေရိကန်နိုင်ငံသား အီရန်နိုင်ငံတွင် မရှိတော့ကြောင်း ပြောကြား  အိမ်ဖြူတော်က ပျောက်ဆုံးနေသည့် အမေရိကန်နိုင်ငံသား အီရန်နိုင်ငံတွင် မရှိတော့ကြောင်း ပြောကြား Reviewed by THITHTOOLWIN on 16:55 Rating: 5
Powered by Blogger.