လူ(၄)ဦးသေဆုံး သည့်ယာဉ်တိုက်မှု ဖြစ်ပွား


  ပဲခူးတိုင်းဒေသကြီး ၊ ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်(၆၇/၁)နှင့်(၆၇/၂)အကြားတွင် ဇန်န၀ါရီလ(၈)ရက်နေ့ ည(၈)နာရီကျော်အချိန်ခန့် က  ယာဉ်နှစ်စီးတိုက်မှု ဖြစ်ပွားခဲ့ပြီး လူ(၄)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

 ဖြစ်စဉ်မှာ မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း စိုင်းစောလင်း(၃၂)နှစ်၊ မောင်းနှင်လာသည့် အမှတ် 1K/7689 (Isuzu) အမျိုးအစား အဖြူရောင်ယာဉ်နှင့် တစ်ဘတ်ယာဉ်ကြော ရန်ကုန်ဘတ်မှ မော်လမြိုင်ဘတ်သို့ ယာဉ်မောင်း မင်းအောင်ဆန်းဦး(၂၅)နှစ်၊  မောင်းနှင်လာသော ယာဉ်အမှတ် 8H/9680 ( LightTruck) ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ၀င်ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ယာဉ်တိုက်မှုကြောင့် (Isuzu) ယာဉ်ပေါ်မှ ယာဉ်မောင်း စိုင်းစောလင်း၊ (LightTruck) ယာဉ်မောင်း မင်းအောင်ဆန်းဦးနှင့် ယာဉ်ပေါ်မှာ ပါလာသည့် ကမ္ဘာလှည့်ရဲတပ်ဖွဲ့စုမှ ဒုရဲအုပ် စိုးထွဋ်ဝင်းနှင့် မညိုလေးမြင့်(၂၈)နှစ် တို့သည် ယာဉ်တိုက်မှုကြောင့် ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ကြောင်း သိရသည်။

သတင်း ဓါတ်ပုံ ။  ။  ဝေါမီဒီယာနှင့် ကိုသန့် စင် (facebook)

လူ(၄)ဦးသေဆုံး သည့်ယာဉ်တိုက်မှု ဖြစ်ပွား  လူ(၄)ဦးသေဆုံး သည့်ယာဉ်တိုက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 16:34 Rating: 5
Powered by Blogger.