အင်းတော်မြို့နယ် နဘားကျေးရွာအနီး ပါကျဲရိုးကားနှင့် ဆယ်ဘီးကားတိုက်မိ တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ


အင်းတော် ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာအနီး၌ ဇန်နဝါရီ ၇ ရက် နံနက်
၂ နာရီခန့်က ပါကျဲရိုးကားနှင့် ဆယ်ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိ၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦး
ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆယ်ဘီးကားမှာ ပါကျဲရိုးကားငယ်အား ဝင်တိုက်ခဲ့ပြီးသည်နှင့် အလျင်အမြန် မောင်းနှင်ထွက်ပြေးသွား
ခဲ့သဖြင့် အမှုကို အင်းတော်မြို့မရဲစခန်းက အမှုဖွင့်အရေးယူ လိုက်လံစုံစမ်းလျက်ရှိကြောင်း သိရသည်။

 ကိုမင်း (အင်းတော်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အင်းတော်မြို့နယ် နဘားကျေးရွာအနီး ပါကျဲရိုးကားနှင့် ဆယ်ဘီးကားတိုက်မိ တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ  အင်းတော်မြို့နယ် နဘားကျေးရွာအနီး ပါကျဲရိုးကားနှင့် ဆယ်ဘီးကားတိုက်မိ တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 17:17 Rating: 5
Powered by Blogger.