ကေအင်ယူဥက္ကဌ ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ လေ့လာ

ဇန်နဝါရီလ ၁၃ ရက်နေ့က ပြင်​ဦးလွင်​စစ်​တက္ကသိုလ်​ကို KNU ဥက္ကဌ စောမူတူးစေးဖိုး သွား​ရောက်​​လေ့လာရာ တာဝန်​ရှိသူများက လိုက်​လံရှင်းပြစဉ်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အဖွင့်မိန့်ခွန်းတက်ရောက်ပြောကြားခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ မူးတူးစေးဖိုးဟာ ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ်ကို ဒီကနေ့ သွားရောက်လေ့လာခဲ့ပါတယ်။ ပြင်ဦးလွင် စစ်တက္ကသိုလ် တာဝန်ရှိသူတွေဖိတ်ကြားချက်အရ သွားရောက်လေ့လာခဲ့တာလို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးငွေစိုးက ပြောပါတယ်။

"အခုကတော့ရိုးရိုးအလည်သွားတာပါ၊ ဟိုဖက်ကလိုလိုလားလားနဲ့ ဖိတ်ကြားပြီးလာပါဆိုတော့မှ လည်တာပါ၊ အလည်သွားတာပါ၊ မေမြို့ကိုယ့်ဘာသာ အလည်သွားရင်းနဲ့ ခဏဝင်တာပါ၊"

ကေအမ်ယူဥက္ကဌ မူးတူးစေးဖိုးဟာ ပြင်ဦးလွင် စစ်တက္ကသိုလ် လည်ပတ်ခဲ့တဲ့ ပထမဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။ ကေအင်ယူ ဥက္ကဌ မူတူးစေးဖိုးဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့မကြာခဏ နေပြည်တော်မှာ တွေ့ဆုံခဲ့သူ လည်း ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကလည်း မကြာခဏ နေပြည်တော်မှာ လက်ခံတွေ့ဆုံမှုရတဲ့ ကေအင်ယူ ခေါင်းဆောင် ဖြစ်ပါတယ်။ မနေ့ကငြိမ်းချမ်ရေး ညီလာခံမှာ သူဟာ မိန့်ခွန်းပြောကြားရာမှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်ကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကေအင်ယူဥက္ကဌ ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ လေ့လာ  ကေအင်ယူဥက္ကဌ ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ လေ့လာ Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.