ယီမင်မှာ နယ်စည်းမခြား ဆရာဝန်များ ဆေးရုံကို ဒုံးကျည် ထိမှန်



ယီမင် နိုင်ငံ ထဲမှာ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က တာဝန်ယူ လုပ်ကိုင် ပေးနေတဲ့ ဆေးရုံ တစ်ရုံ ကို ဒုံးကျည် ထိမှန် ခဲ့လို့ လူ ၅ ယောက် သေဆုံး သွားရတယ် ဆိုပြီ; MSF အဖွဲ့က ပြောပါတယ်။

အခင်း ဖြစ်ပေါ်ရာ ဆေးရုံဟာ ဆားဒါး ဆိုတဲ့ ယီမင် မြောက်ပိုင်း ဒေသမှာ တည်ရှိတာ ဖြစ်ပါတယ်။

အဲဒီ့ နယ်ဟာ ဟူသီ သူပုန်တွေ ရဲ့ ခြေကုပ် ဒေသ ဖြစ်ပါတယ်။

ဆာဒါး နယ်ထဲမှာ ယီမင် အစိုးရတပ် တွေရယ်၊ သူတို့ကို နောက်ခံ ပေး ထားတဲ့ ဆော်ဒီ အာရေဗျ ဦးဆောင် တဲ့ မဟာမိတ် အဖွဲ့တွေ ရယ်နဲ့ ဟူသီ သူပုန်တွေ အကြား တိုက်ပွဲ တွေ ဖြစ်ပွား နေပါတယ်။

ဆေးရုံ ကို ထိမှန် ခဲ့တဲ့ ဒုံးကျည်ဟာ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှု ကလား၊ ဒါမှ မဟုတ် မြေပြင်က ပစ်လွှတ် တဲ့ ဒုံးကျည် လားဆိုတဲ့ ခွဲခြား မသိ ဘူး လို့ MSF အဖွဲ့က ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ယီမင်မှာ နယ်စည်းမခြား ဆရာဝန်များ ဆေးရုံကို ဒုံးကျည် ထိမှန် ယီမင်မှာ နယ်စည်းမခြား ဆရာဝန်များ ဆေးရုံကို ဒုံးကျည် ထိမှန် Reviewed by THITHTOOLWIN on 04:16 Rating: 5
Powered by Blogger.