နှစ်သစ်ကူးညတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှုနှစ်မှု၊ ယာဉ်မတော်တဆမှုရှစ်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတစ်မှုဖြစ်ပွားခဲ့


ရန်ကုန် ဇန်နဝါရီ ၁

နှစ်သစ်ကူးညတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ မီးလောင်မှုနှစ်မှု၊ ယာဉ်မတော် တဆမှု ရှစ်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှု တစ်မှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရ သည်။

''နှစ်သစ်ကူးမှာ ထူးခြားမှု အနေနဲ့အမှုကြီး လုံးဝမဖြစ်ခဲ့ပါဘူး။ မီးလောင်မှု၊ ယာဉ်မတော်တဆ မှုတွေနဲ့ နာကျင်စေမှုတစ်မှုပဲဖြစ်ခဲ့တယ်။ မနှစ်က မှုခင်းဖြစ်ပွားမှုဖြစ်စဉ်တွေကိုသုံးသပ်ပြီး ကြိုတင် ဆောင်ရွက်ခဲ့တယ်။ လူစည်ကားတဲ့နေရာနဲ့ပွဲတော် နေရာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ခဲ့တယ်။ ပြည်သူတွေအနေနဲ့လည်း စည်းကမ်းရှိလာတာကြောင့် မူးယစ်ရမ်းကားသူမရှိ သလောက်ပါပဲ။ ပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင် လာတဲ့အတွက် နှစ်သစ်ကို အမှုအခင်းအနည်းဆုံး နဲ့ဖြတ်ကျော်လာနိုင်ခဲ့တာပါ''ဟု ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးပြည့်စုံက ပြောသည်။

ဒီဇင်ဘာ ၃၁ ရက်ညနေ ၆ နာရီ ၄၅ မိနစ်ခန့် တွင် မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက် (၁၂၄)လမ်းရှိ ဦးမြင့်သိန်း နေအိမ်နောက်ဖေးခန်းရှိ ရေခဲသေတ္တာမော်တာဂျမ်းဖြစ်ရာမှ အပူလွန်ကဲ၍ ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ယင်းမီးလောင်မှုကြောင့် တန်ဖိုးငွေကျပ် ခြောက်သောင်းခန့်ဆုံးရှုံးခဲ့သဖြင့် ဦးမြင့်သိန်းအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက (ပ)၁၁၆၃/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ခဲ့ သည်။

အလားတူ ဇန်နဝါရီ ၁ ရက် နံနက် ဝဝ နာရီ ဝ၅ မိနစ်ခန့်က ဗဟန်းမြို့နယ်အနောက်ရွှေဂုံတိုင် ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းနှင့် အနောက်ရွှေ ဂုံတိုင်လမ်းထောင့် ယုဇနတာဝါရှိ ဘကောင်း စားသောက်ဆိုင်တွင်လည်း ဆိုင်အနောက်ဘက်မီးဖို ခန်းတွင်တပ်ဆင်ထားသော ပန်ကာမော်တာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ဆိုင်မန်နေဂျာ ဦးစံရွှေမောင်အား ဗဟန်းမြို့မ ရဲစခန်းက(ပ)၂/၂ဝ၁၆၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ခဲ့သည်။

ထို့ပြင်ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ယာဉ် မတော်တဆမှုရှစ်ကြိမ်ဖြစ်ပွားခဲ့ကာ သေဆုံးသူသုံးဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူရှစ်ဦးအထိရှိခဲ့ပြီး ရန်ကင်း၊ ကမာရွတ်၊ လှည်းကူး၊ ဗိုလ်တထောင်၊ အလုံနှင့်မရမ်း ကုန်းမြို့နယ်တို့တွင်ဖြစ်ပွားခဲ့သည်။ ခိုက်ရန်ဖြစ်ပွား မှုအနေဖြင့် တစ်မှုသာရှိခဲ့ပြီး သုံးခွမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ပုံမှန်ဆောင်ရွက်နေသည့် လှည့်ကင်း၊ ဝပ်ကင်း၊ ယာဉ်စစ်ပိတ်ဆို့စစ်ဆေးမှုများအပြင် အသစ်ထပ်မံ ရောက်ရှိလာသည့်မော်တော်ယာဉ် ၄၅ စီးဖြင့်လည်း လုံခြုံရေးကို ပိုက်စိပ်တိုက်တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ သဖြင့် နှစ်သစ်ကူးညတွင် မှုခင်းဖြစ်ပွားမှုနည်းပါးခဲ့ပြီးနှစ်သစ်သို့အေးချမ်းစွာ ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ် ကြောင်း ရဲမှူးပြည့်စုံက ဆိုသည်။

ဇော်ကြီး(ပဏီတ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
နှစ်သစ်ကူးညတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှုနှစ်မှု၊ ယာဉ်မတော်တဆမှုရှစ်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတစ်မှုဖြစ်ပွားခဲ့  နှစ်သစ်ကူးညတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှုနှစ်မှု၊ ယာဉ်မတော်တဆမှုရှစ်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတစ်မှုဖြစ်ပွားခဲ့ Reviewed by THITHTOOLWIN on 08:00 Rating: 5
Powered by Blogger.