တုတ်နှင့်ရိုက်ကာ ဆိုင်ကယ် လုယက်သူများအား ဖမ်းဆီးအရေးယူထား

ဆိုင်ကယ် လုယက်သူများ။ ဓါတ်ပုံ - ရဲဇာနည် (facebook) 
နေပြည်တော်၊ ဇန်နဝါရီ ၁၁

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ ည ၁၁ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ ချစ်ဝင်းသန့်(၃၂)နှစ်သည် ၂၅ယ/××××× ကလစ်အဖြူရောင် ဆိုင်ကယ်ဖြင့် ၅၅ လမ်းအတိုင်းမောင်းနှင်လာစဉ် လမ်းသွယ် ၅ နှင့် ၆ ကြားအရောက် ရိုက်နှက်လုယက် ခံရကြောင်း သိရသည်။

အဆိုပါ လုယက်ခံရသူ၏ ဆိုင်ကယ်အနီး လူ(၃)ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီး အနားသို့ကပ်လာကာ တစ်ဦးက တုတ်နှင့်ရိုက်သဖြင့် ရှောင်တိမ်းစဉ် ဆိုင်ကယ်လဲကျခဲ့ကြောင်း၊ ဆိုင်ကယ်အားထားပြီး ထွက်ပြေးရာ အဆိုပါလူ(၃)ဦးက ငွေကျပ် (၂၀,၀၀ဝိ/-) ပါ ကလစ်ဆိုင်ကယ်ကို ယူဆောင်သွားသောကြောင့် အရေးယူပေးရန် ၁၀- ၁-၂၀၁၆ ရက်နေ့တွင် လာရောက်တိုင်တန်းသဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်း(ပ)၁၆/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စုံစမ်းခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

 အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် အောင်ပင်လယ်နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များက ချစ်ဝင်းသန့်နှင့်အတူ လိုက်လံစုံစမ်းခဲ့ရာ ပြည်ကြီး တံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၇×ကျန်စစ်သားလမ်းထောင့်တွင် ကလစ်အဖြူရောင် ဆိုင်ကယ်တစ်စီးနှင့် မသင်္ကာဖွယ်သူတစ်ဦးအား တွေ့ရှိစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ပုသိမ်ကြီး မြို့နယ်၊ ကန်ကြီးကုန်းရွာနေ ထက်ဝေယံ(ခ)ကုလား(၁၇)နှစ်ဖြစ်ပြီး ၎င်းသည် ဇန်နဝါရီလ ၈ ရက်နေ့ ညက ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်နေ ပိုင်ချစ်သူ(ခ)ဦးဘီ(၁၇)နှစ်၊ ပြည်ကြီးတံခွန်မြို့နယ်နေ ဇင်ကိုမင်း(ခ)ကိုကို(၁၇)နှစ်တို့နှင့်အတူ အဆိုပါအမှုအား ကျူးလွန်ခဲ့ပြီး ကလစ်အဖြူရောင်ဆိုင်ကယ်ကို ယူဆောင်လာခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် သက်သေခံဆိုင်ကယ် သိမ်းဆည်းပြီး ထက်ဝေယံ(ခ) ကုလား ပါ(၃)ဦးအား အမှုဖြင့် ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။

သစ်ထူးလွင်

တုတ်နှင့်ရိုက်ကာ ဆိုင်ကယ် လုယက်သူများအား ဖမ်းဆီးအရေးယူထား   တုတ်နှင့်ရိုက်ကာ ဆိုင်ကယ် လုယက်သူများအား ဖမ်းဆီးအရေးယူထား Reviewed by THITHTOOLWIN on 05:19 Rating: 5
Powered by Blogger.