တွံတေးတူးမြောင်းအတွင်း ဆားများတင်ဆောင်လာသော သင်္ဘောတစီး နစ်မြုပ်၊ ဆုံးရှုံးမှုတန်ဖိုး ၂၅၇ သိန်းခန့် ရှိ


ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် တွံတေးတူးမြောင်းအတွင်း ဆားများတင်ဆောင်လာသော သင်္ဘောတစီး ဇန်န၀ါရီ ၂၇ ရက် နေ့လယ် ၂း၂၀ မိနစ်အချိန်တွင် သာစည်ကျေးရွာအနီး တွံတေးတူးမြောင်းအတွင်း လပွတ္တာမြို့နယ်၊ ပြင်စလူကျေးရွာမှ ရန်ကုန်သို့ ဆားများ တင်ဆောင်လာသော ရွှေသန္တာ အမည်ရှိ သင်္ဘော (သစ်သားခွံ) သည် ၀မ်းဗိုက်မှ ရေ၀င်၍ နစ်မြုပ်သွားကြောင်း သိရသည်။

နစ်မြုပ်သွားသော ရွှေသန္တာ သင်္ဘောသည် လပွတ္တာမြို့နယ်၊ ပြင်စလူကျေးရွာမှ ဆားပိဿာချိန် တသိန်းတသောင်းတင်ဆောင်၍ ဘုရင့်နောင်ဆိပ်ကမ်းသို့ ပို့ဆောင်ရန်ဖြစ်ပြီး သင်္ဘောမှ ဆလင်မှာ ဦးခင်မောင်မြင့် (၅၇) နှစ်၊ ဧရာကျေးရွာ၊ ဘိုကလေးမြို့နယ် အပါအ၀င် လှေသား ရှစ်ဦးဖြင့် မောင်းနှင်လာစဉ် တွံတေးမြို့နယ်၊ သာစည်ကျေးရွာအနီး တွံတေးတူးမြောင်းအရှည် (၄) မိုင်ခန့်တွင် ရေ၀င်နစ်မြုပ်ခဲ့ကြောင်း၊ သစ်သားခွံ သင်္ဘောဖြစ်ပြီး အလျား ၉၁ ပေ၊ အနံ (၂၁)၊ ရေစူး (၉) ပေရှိကြောင်း သင်္ဘောတွင် ပါလာသည့် သင်္ဘောသား ရှစ်ဦးကို အနီးအနားရှိ လှေများမှ ၀ိုင်းကယ်သဖြင့် အသေအပျောက်မရှိကြောင်း သိရသည်။

သင်္ဘောနစ်မြုပ်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ၂၅၇ သိန်းခန့်ဖြစ်ပြီး သင်္ဘောပိုင်ရှင်မှာ ဦးဇေယျာ (၂၇ နှစ်) (၆) ရပ်ကွက် လပွတ္တာမြို့နေထိုင်သူဖြစ် ကြောင်း သိရသည်။

အောင်သူရိန်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
တွံတေးတူးမြောင်းအတွင်း ဆားများတင်ဆောင်လာသော သင်္ဘောတစီး နစ်မြုပ်၊ ဆုံးရှုံးမှုတန်ဖိုး ၂၅၇ သိန်းခန့် ရှိ  တွံတေးတူးမြောင်းအတွင်း ဆားများတင်ဆောင်လာသော သင်္ဘောတစီး နစ်မြုပ်၊ ဆုံးရှုံးမှုတန်ဖိုး ၂၅၇ သိန်းခန့် ရှိ Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.