တရုတ်ရှယ်ယာဈေးကွက် ဆက်လက်ကျဆင်း


ပေကျင်း ၊ ၁၂-၁-၂၀၁၆

တရုတ် ရင်းနှီးမြှုပ်နှံသူ များသည် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း မငြိမ်မသက် ဖြစ်နေသော ရှယ်ယာဈေးကွက် များကြောင့် ၄င်းတို့၏ ရှယ်ယာများကို ထုတ်ရောင်းနေစဉ် ယခုအခါ အာရှရှယ်ယာ ဈေးများမှာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ဆက်လက် ကျဆင်းလျက် ရှိကြောင်း သိရသည်။

တရုတ်အစိုးရသည် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် အစုရှယ်ယာ ရောင်းဝယ်မှုကို နှစ်ကြိမ် ရပ်ဆိုင်းခဲ့သဖြင့် ကမ္ဘာ့ရှယ်ယာ ဈေးကွက်များမှာ ဆိုးဝါးသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ ရသည်။

တရုတ် အစိုးရသည် ဇန်နဝါရီ ၉ ရက်တွင် ရှယ်ယာဈေးကွက်ကို ရပ်ဆိုင်းခဲ့ ရသည့်အပြင် ရှန်ဟိုင်းရှယ်ယာ ဈေးနှုန်းမှာ ယခုရက် သတ္တပတ်အစတွင် ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်း သွားကြောင်း၊ ရှယ်ယာ ဈေးနှုန်းတက်မှု နှေးကွေးခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူ များအနေဖြင့် အခက်ကြုံလျက် ရှိကြောင်း သိရသည်။

အလားတူ ရှယ်ယာဈေးနှုန်း များမှာ ဟောင်ကောင်တွင် ၂ ဒသမ ၄ ရာခိုင်နှုန်း၊ သြစတြေးလျ နိုင်ငံတွင် ၂ ရာခိုင်နှုန်း၊ တောင်ကိုရီးယား နိုင်ငံတွင် သုည ဒသမ ၇ ရာခိုင်နှုန်း အသီးသီးကျဆင်း ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
တရုတ်ရှယ်ယာဈေးကွက် ဆက်လက်ကျဆင်း  တရုတ်ရှယ်ယာဈေးကွက် ဆက်လက်ကျဆင်း Reviewed by THITHTOOLWIN on 12:55 Rating: 5
Powered by Blogger.