ပြန်မချစ်လို့  သေနတ်နဲ့  ပစ်ခံရတဲ့ ထိုင်းကျောင်းသူ


 ဇန်န၀ါရီလ ၅ ရက် ၂၀၁၆

 ထိုင်းနိုင်ငံမှာ ညပိုင်းလမ်းမပေါ်က လူမိုက်ဂိုဏ်းတွေရဲ့  ကြောက်စရာကောင်းတဲ့ လုပ်ရပ်တွေပါ။

ထိုင်းနိုင်ငံသူ အထက်တန်းကျောင်းတက်နေကြတဲ့ အမွှာညီအမ နှစ်ဦးထဲက တဦးကို ကြိုက်နေ တဲ့ ဆေးသမား လူမိုက်ဂိုဏ်းဝင်က သူ့ ကို ပြန်မချစ် လို့  ကောင်မလေး ဆိုင်ကယ်စီး လာနေ စဉ် မှာ နောက်က အုပ်စုလိုက် ဆိုင်ကယ်နဲ့  လိုက်လာကြပြီး သေနတ်နဲ့  အချက်ပေါင်း များစွာ ပစ်ခဲ့ပါတယ်။


ဆေးရုံမှာ အရေးပေါ် အသက်လုပြီး ကယ်ခဲ့ရပေမယ့် သူမမျက်နှာကို ဖြတ်မှန် သွားတဲ့ သေနတ်ကျည်ဆံကြောင့် မျက်လုံးနှစ်လုံးစလုံး ကန်းသွားခဲ့ပါတယ်။

အဓိက တရားခံနှစ်ဦးကိုမိသွားခဲ့ပါပြီ ၊ ပစ်တဲ့သူတွေက အမွှာညီအမဆိုတော့ လူမှားပြီး ပစ်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ် ၊

ဆရာဝန်တွေကတော့သူမ ပြန်မြင်ဘို့ အခွင့်လမ်းမရှိတော့ကြောင်း ပြောဆိုခဲ့ပါတယ်။ ကံကောင်းသွားတဲ့ အမွှာ ညီမတဦးက သူမကြောင့် ဖြစ်ရတာမို့  သူမရဲ့  မျက်လုံး တစ်လုံးကို ထုတ်ပေးဖို့  ဆေးရုံမှာ တောင်းဆိုခဲ့ပါတယ်.။

Sanook.com
https://www.facebook.com/Social-Action-for-Women-SAW
ပြန်မချစ်လို့  သေနတ်နဲ့  ပစ်ခံရတဲ့ ထိုင်းကျောင်းသူ  ပြန်မချစ်လို့  သေနတ်နဲ့  ပစ်ခံရတဲ့ ထိုင်းကျောင်းသူ Reviewed by THITHTOOLWIN on 15:09 Rating: 5
Powered by Blogger.