ကလိန်အောင်မြို့နယ် မရမ်းချောင်းရွာတွင် ယာဉ်သုံးစီးတိုက်မှုဖြစ်ပွား



 ကလိန်အောင် ဇန်နဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ရာဖူးကျေးရွာအုပ်စု မရမ်းချောင်း ရွာတွင် ယခုလ ၄ ရက် မွန်းလွဲ ၁နာရီ ၁၅မိနစ်တွင် ထားဝယ်-ရန်ကုန်သွားကားလမ်း မိုင်တိုင် အမှတ် ၅၆/၁ တွင် ထားဝယ် ဘက်မှရန်ကုန်ဘက်သို့ မောင်းနှင် လာသော ယာဉ်မောင်း နိုင်အောင် မင်း အသက်(၅၆)နှစ် ရပ်ကွက် (၃) ဘုရားသုံးဆူမြို့နယ် ကရင် ပြည်နယ် နေထိုင်သူ မောင်းနှင် သည့် STATION WAGON (ခဲရောင်)ယာဉ်အမှတ် SC/..... သည် မျက်နှာချင်းဆိုင်မှ ယာဉ် မောင်း မင်းသန့်စင်ဝင်း အသက် (၂၈)နှစ်(ဘ)ဦးရွှေဝင်း ဥယျာဉ် ခြံလုပ်၊ အကွက်(၁)မော့ကနင် ကျေးရွာ လမိုင်းမြို့နေသူ မောင်း နှင်သည့် PICKUP အမျိုးအစား (အဖြူရောင်)ယာဉ်အမှတ် 6H/....ကား၏ ဝဲဘက်ထောင့်စွန်း အား တိုက်မိပြီး ဆက်လက်မောင်း နှင်စဉ် မျက်နှာချင်းဆိုင်မှ ယာဉ် မောင်းဦးလှဖူး အသက်(၆၃)နှစ် မြဝတီလမ်း သာစည်ရပ်ကွက် ညောင်ရွှေမြို့နယ်နေသူ မောင်းနှင် သည့် LIGHT TRUCK အမျိုး အစား(အဖြူရောင်)ယာဉ်အမှတ် 4F/....ဦးခေါင်းအား ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။


ယာဉ်တိုက်မှုကြောင့် ယာဉ် အမှတ် 6H/.... ကားခေါင်းခန်း တွင် လိုက်ပါလာသော ဦးစိုးနိုင်၏ ဝဲဘက်ပေါင် ကျိုးသွားခဲ့သည်။ ယာဉ် အမှတ် 4F/.... ကားပေါ် တွင်လိုက်ပါလာသော ပဒုမ္မာစာရီ သီလရှင်စာသင်တိုက် ညောင်ရွှေ မြို့မှသီလရှင်ဆရာကြီး မစန္ဒသာရီ သက်တော်(၃၂)နှစ် (၁၄)ဝါမှာ ရရှိသော ဒဏ်ရာများဖြင့် ပျံလွန် တော်ခဲ့မူပြီး ဆရာလေး ၁၁ ပါးမှာ ဒဏ်ရာ အနည်းငယ်စီရသဖြင့် ကလိန်အောင် မြို့နယ်ပြည်သူ့ဆေးရုံ ကြီး၌ ကုသလျက်ရှိသည်။


ယာဉ်မောင်း ဦးလှဖူးမောင်း နှင်သည့်ယာဉ်အမှတ် 4F/.... ကား သည် ညောင်ရွှေမြို့ရှိ ပဒုမ္မာစာရီ သီလရှင်စာသင်တိုက်မှ ဆရာလေး ၁၃ပါး၊ ကျားလေးဦး၊ မတစ်ဦး စုစုပေါင်း ၁၇ ဦးအားတင်ဆောင် လာကာ ထားဝယ်မြို့ရှိ ရှင်ကိုးရှင် ဘုရားဖူးရန် လာရောက်ခြင်းဖြစ် ကြောင်း၊ ယာဉ်မောင်းမင်းသန့်စင် ဝင်း မောင်းနှင်သည့် ယာဉ်အမှတ် 6H/....ကားပေါ်တွင် ကျားသုံးဦး လိုက်ပါလာကာ တစ်ဦးဒဏ်ရာရရှိ ခဲ့ပြီး ယင်းကားမှာ မော့ကနင်ကျေး ရွာမှ ကလိန်အောင်မြို့ မိကျောင်း လှောင်းကျေးရွာသို့ ပျိုးပင်များ သယ်ဆောင်ရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ ယာဉ်မောင်း နိုင် အောင်မင်းမောင်းနှင်သည့ှ် SC/.... ကားမှာ မြိတ်မြို့မှရေးမြို့သို့သွား ရောက်ခြင်းဖြစ်ပြီး ကားပေါ်တွင် ယာဉ်မောင်းတစ်ဦးသာပါရှိကြောင်း သိရသည်။


ယာဉ်တိုက်မှုအား ကလိန် အောင်နယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်ကိုဝင်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ယာဉ်(ပ) ၁/ ၂ဝ၁၆၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/ ၃၃၈/၃၃၇ဖြင့် အမှုဖွင့်ထားသည်။ ယင်းအမှုကို ဒုရဲအုပ်အောင်ကိုဝင်း က စစ်ဆေးလျက်ရှိပြီး တရားခံ နိုင်အောင်မင်း အသက် (၅၆)နှစ် (ဘ)ဦးကိတ် ရပ်ကွက်(၃) ဘုရား သုံးဆူမြို့နယ်နေသူအား အမှုဖြင့် စစ်ဆေးကာ ရေဖြူမြို့မ ရဲစခန်း အချုပ်တွင် ချုပ်နှောင်ထားရှိသည်။

အမှုမှ တရားခံနိုင်အောင်မင်း မှာ နေပြည်တော် ပေါင်းလောင်း ရပ်ကွက်(၂)တွင်ရုံးခန်းဖွင့်လှစ်ထား ရှိသောဆောက်လုပ်ရေးကုမ္ပဏီများ ဖြစ်သည့်ထီးဖြူပိုင်ကုမ္ပဏီနှင့်ထက် ရာဇာကုမ္ပဏီများ၏ ဒါရိုက်တာ တစ်ဦးဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - ဗိုလ်နေတိုး (facebook)
The Union Daily
http://uniondaily.net
ကလိန်အောင်မြို့နယ် မရမ်းချောင်းရွာတွင် ယာဉ်သုံးစီးတိုက်မှုဖြစ်ပွား  ကလိန်အောင်မြို့နယ် မရမ်းချောင်းရွာတွင် ယာဉ်သုံးစီးတိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 13:02 Rating: 5
Powered by Blogger.