အကြမ်းဖက် သမား အလောင်းကို အင်ဒိုရွာသား အလိုမရှိ

ဂျာကာတာ မြို့က အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှု (Credit: ABC) 
အင်ဒိုနီးရှားနိုင်ငံ ​ဂျာကာတာမြို့မှာ ​အကြမ်းဖက်မှု ​ဖြစ်ပေါ်ပြီးတဲ့နောက် ​အကြမ်းဖက်မှုကို ​ဆန့်ကျင်တဲ့ ​ဆန္ဒပြမှုတွေ ​ပြုလုပ်နေကြသလို ​အကြမ်းဖက်မှုမှာ ​ပါဝင်သူ ​တစ်ဦးရဲ့ ​အလောင်းကိုလည်း ​ရွာသားတွေက ​ရွာထဲ ​အဝင်မခံဘူးလို့ ​သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ​တလွှားမှာ ​"အကြမ်းဖက်သမားတွေ ​ငရဲရောက်ပါစေ"၊ ​"အစ္စလာမ်မစ် ​နိုင်ငံ ​တည်ထောင်နေတာဟာ ​အင်ဒိုနီးရှားရဲ့ ​ညီညွှတ်မှုကို ​ဖျက်ဆီးနေတဲ့အတွက် ​အဲဒီလုပ်ရပ်ကို ​ဆန့်ကျင့်စို့" ​ဆိုတဲ့ ​စာသားတွေ ​ကိုင်ပြီး ​ဆန္ဒပြခဲ့ကြပါတယ်။

ဂျာကာတာမြို့မှာ ​ပေါက်ကွဲမှု ​၇ ​ကြိမ်ဖြစ်ပွားခဲ့သလို ​သေနတ် ​ပစ်ခတ်မှုတွေလည်း ​ဖြစ်ပေါ်ခဲ့ပြီး ​စုစုပေါင်း ​လူ ​၈ ​ဦး ​သေဆုံးခဲ့ရပါတယ်။

သေဆုံးသူတွေထဲမှာ ​ပြည်သူ ​၄ ​ဦးပါဝင်ပြီး ​အကြမ်းဖက်သမားတွေနဲ့ ​ရဲတစ်ဦးလည်း ​ပါဝင်ပါတယ်။

အသေခံ ​ဗုံးဖောက်ခွဲတဲ့ ​အကြမ်းဖက် ​သမားကလည်း ​Starbucks ​ကော်ဖီဆိုင်မှာ ​အကြမ်းဖက်ခဲ့ပါတယ်။

အဲဒီလို ​ဗုံးဖောက်ခွဲမှုအတွင်း ​သေဆုံးသွားတဲ့ ​အသက် ​၂၅ ​နှစ်အရွယ် ​Ahmad ​Muhazan ​ကို ​မြေမြုပ်သဂြိုလ်ရမှာ ​ဖြစ်ပေမယ့်လည်း ​သူ့ရဲ့ ​ရွာသားတွေက ​အလောင်းကို ​လက်မခံဖို့ ​ဆန္ဒပြမှုတွေ ​ရှိနေပါတယ်။

အနောက်ဂျားဗား ​ပြည်နယ်က ​Indra ​Maya ​ဒေသခံတွေက ​သူတို့တွေဟာ ​အကြမ်းဖက်မှုကို ​မလိုလားဘူးလို့ ​ပြောဆိုဆန္ဒပြခဲ့ကြပေမယ့် ​အဲဒီအထဲမှာ ​မွတ်စလင် ​ဘာသာရေးဆရာလည်း ​ပါဝင်ပါတယ်။

မွတ်စလင် ​ဘာသာရေး ​ဆရာကတော့ ​အစ္စလာမ်ဘာသာရဲ့ ​သွန်သင်မှုနဲ့ ​ဥပဒေကို ​ဆန့်ကျင်တဲ့ ​အကြမ်းဖက်သမားရဲ့ ​အလောင်းကို ​အလိုမရှိဘူးလို့ ​ပြောပါတယ်။

ဂျာကာတာမြို့မှာ ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက်မှုနဲ့ ​ဆက်စပ်ပြီး ​ဖမ်းဆီးခံရသူ ​၁၂ ​ဦးရှိပြီ ​ဖြစ်ပါတယ်။ ​အဲဒီအထဲက ​တစ်ယောက်ကတော့ ​ဆီးရီးယားနိုင်ငံက ​ငွေကြေးတွေကို ​လက်ခံပြီး ​အင်ဒိုနီးရှားနိုင်ငံက ​အကြမ်းဖက် ​သမားတွေကို ​ထောက်ပံ့ခဲ့တယ်လို့ ​စွပ်စွဲခံနေရပါတယ်။

By Adam Harvey
ABC Radio Australia
http://www.radioaustralia.net.au/burmese
အကြမ်းဖက် သမား အလောင်းကို အင်ဒိုရွာသား အလိုမရှိ  အကြမ်းဖက် သမား အလောင်းကို အင်ဒိုရွာသား အလိုမရှိ Reviewed by THITHTOOLWIN on 10:33 Rating: 5
Powered by Blogger.